cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်ဒေသမှာ မိုးများစွာရွာနိုင်ပါတယ်။ ဖြုတ်ပိုးက စိုစွတ်မှုများတဲ့အခြေအနေကိုကြိုက်နှစ်သက်တာကြောင့် ဖြုတ်ကျပြီဆိုတာနဲ့ ရေထုတ်ပေးဖို့ လိုပါတယ်။
  • ၂၀၂၅ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၇ရက်နေ့အတွင်း ဧရာဝတီတိုင်းမှာ မိုးရွာနိုင်ပါတယ်။

    ISSUED TIME

    20/02/2025 2:58pm(MMT)

    ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်ဒေသမှာ မိုးများစွာရွာနိုင်ပါတယ်။

    ISSUED TIME

    20/02/2025 12:53pm(MMT)

    Weather Source: Su Su San

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့...

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    ·      လက်ရှိဖြုတ်ပိုးကျနေသောစိုက်ခင်းများအတွက် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြု ဆွေးနွေးပေးလိုက်ပါတယ်။

    ·      ဖြုတ်ပိုးက အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) နှင့် စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေကို ကြိုက်နှစ်သက်ပါတယ်။

    ·      ပြီးတော့ ယူရီးယားပုလဲမြေဩဇာ(N) အလွန်အကျွံထည့်ထားတဲ့ စိုက်ခင်းအခြေအနေတွေမှာ အဓိကကျရောက်ပါတယ်။

    ·      စိုစွတ်မှုများတဲ့အခြေအနေကိုကြိုက်နှစ်သက်တာကြောင့် ဖြုတ်ကျပြီဆိုတာနဲ့ ရေထုတ်ပေးဖို့ လိုပါတယ်။

    ·      ရေကို စိုတစ်လှည့်၊ခြောက်တစ်လှည့် ပြတ်တောင်းသွင်းပါ။

    ·      ပိုတက်ရှ်(K)ကိုအဓိကထည့်ပေးပါ။ လေကြောင်းခွဲပေးပါ။

    ·      ကျရောက်မှုနည်းရင် တမာဆီပြင်းအား ၃%ကို တစ်ဧက ၆လီတာနှုန်းသုံးပြီးဖျန်းနိုင်ပါတယ်။

    ·      ဓာတုဆေးအနေနဲ့ Buprofezin+Acetamiprid, Pymetrozine+ Nitnepyram, Fenobucarb+ Cyantraniliprole တို့ကိုရေထုတ်ပြီးမှဖျန်းပေးပါ။

     

    ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် 

    ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ- 

    -      ကန်ဖော်ပြီး ငါးကန်များအနေဖြင့် ပတ်ပတ်လည်တွင် သန့်ရှင်းရေးဆောင်ရွက်ရန်၊ မြက်၊ ဒိုက်များကို သန့်ရှင်းရေးဆောင်ရွက်ရန်၊ 

    -      မျိုးငါးကန်များအနေဖြင့် ကန်အောက်ခြေတွင် အနည်များ၊ အစာအကြွင်းအကျန်များ စုမနေအောင် ဆောင်ရွက်ရန်၊ 

    -      မျိုးငါးကန်များအနေဖြင့် ဗေဒါကဲ့သို့သော အရိပ်ရအပင်များကို ကန်ရဲ့ ဒေါင့်တစ်နေရာတွင် စတင်စိုက်ပျိုးရန်၊ 

    -      ပုစွန်ကန်များအနေဖြင့် ကန်ဖော်ခြင်းကို ဆောင်ရွက်ရန်၊ 

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
9
comments
0
views
2676