cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲတီစိမ်း(ခရမ်းရွှေဝါ)များ ဈေးကောင်းရနေ

. ဈေးကွက်သတင်းများ
ပြီးခဲ့တဲ့နှစ် ပဲတီစိမ်းစပေါ်ချိန်တွင် ပဲတီစိမ်း(ခရမ်းရွှေဝါ)တစ်တင်းကို ကျပ် ၉၀,၀၀၀ ဝန်းကျင်သာရှိပြီး ယခုနှစ်မှာတော့ တစ်တင်းကို ၁၁၀,၀၀၀ ကျော်ဖြင့် စျေးဖွင့်ဝယ်ယူလာတာကြောင့် ယခင်နှစ်ကထက် ဈေးပို မြင့်တက်လာ ခြင်းဖြစ်ပါတယ်။
  • တရုတ်ဝယ်လက်တွေ စိတ်ဝင်စားသော ရန်ကုန်တိုင်းအတွင်းက စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ) များကို ဈေးကွက်အတွင်းမှာ ဈေးကောင်းပေးဝယ်လျက်ရှိကြောင်း ပွဲရုံများနှင့်ဒေသခံတောင်သူတွေထံမှ သိရပါတယ်။

    ရန်ကုန်တိုင်းအတွင်းရှိ ခရမ်း၊ သုံးခွ၊ သန်လျင်မြို့နယ်တွေဘက်မှ စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်း(ခရမ်းရွှေဝါ) များကို လက်ရှိမှာစတင်ရိတ်သိမ်းခူးဆွတ်နေပြီဖြစ်ကာ ပိဿာ ၂၀ တစ်တင်းကို ကျပ် ၁၁၀၀၀၀ ကျော်အထိ စျေး ဖွင့်ဝယ် ယူမှုရှိနေတယ်လို့ သိရပါတယ်။

    တစ်နိုင်ငံလုံးက ပဲတီစိမ်းစိုက်ဒေသများအနက် ရန်ကုန်တိုင်းအတွင်းမှ စိုက်ပျိုးထွက်ရှိတဲ့ ပဲတီစိမ်း (ခရမ်း ရွှေဝါ) များက အရည်အသွေးပိုကောင်းတာကြောင့် နှစ်စဉ်တရုတ်ဝယ်လက်တွေ သဘောကျတဲ့ ပဲတီစိမ်းမျိုး ဖြစ်တယ်လို့ သိရပါတယ်။

    “ပဲတီစိမ်းတွေကတော့ စသိမ်းနေရပြီ။ ဈေးလည်းကောင်းနေတော့ လက်ထဲမထားပဲ ထုတ်ရောင်းနေကြတယ်။ ပဲတီစိမ်းလှိုင်လှိုင်ပေါ်တဲ့အချိန်ဆို ဈေးကျတတ်တာကြောင့်လည်း ပေါ်တာနဲ့ထုတ်ရောင်းကြတာပဲ”လို့ ခရမ်းမြို့နယ်မှ ပဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

    အဆိုပါ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကို ပြည်တွင်းက တခြားဒေသများတွင် စိုက်ပျိုးကြသော်လည်း ရန်ကုန် တိုင်းအတွင်းမှာ စိုက်တာလောက်အရည်အသွေးမကောင်းသလို စျေးကောင်းလည်းမရဘူးလို့ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ် ပဲတီစိမ်းစပေါ်ချိန်တွင် ပဲတီစိမ်း(ခရမ်းရွှေဝါ)တစ်တင်းကို ကျပ် ၉၀,၀၀၀ ဝန်းကျင်သာရှိပြီး ယခုနှစ်မှာတော့ တစ်တင်းကို ၁၁၀,၀၀၀ ကျော်ဖြင့် စျေးဖွင့်ဝယ်ယူလာတာကြောင့် ယခင်နှစ်ကထက် ဈေးပို မြင့်တက်လာ ခြင်းဖြစ်ပါတယ်။

    ထို့ကဲ့သို့ ပဲတီစိမ်းစျေးမြင့်တက်လာသော်လည်း စတင်စိုက်ပျိုးချိန်မှရိတ်သိမ်းချိန်အထိ အထွေထွေကုန် ကျစရိတ် မှာ အရင်နှစ်ကထက်ပိုမိုမြင့်တက်လာခြင်းကြောင့် ပဲအထွက်နှုန်းနည်းသူများအတွက် အရင်နှစ်က လောက် တွက်ခြေမကိုက်သေးဘူးလို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

    အောင်အောင်

    Opinion Leaders Mediaမှ ကူးယူဖော်ပြပါသည်။

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
1286