cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
စိုက်ခင်းအပူချိန်မြင့်ရင် လှေးပိုးပွားများနှုန်းမြန်တာကြောင့် စိုက်ခင်းအစိုဓာတ်ကိုချိန်ညှိပေးပါ။
  • မန္တလေးတိုင်း ၂၁ရက်နေ့မှ ၂၈ရက်နေ့အတွင်း နေ့အပူချိန်များအနည်းငယ်မြင့်တက်လာနိုင်ပါတယ် မိုးမရှိပါဘူး

    ညအပူချိန်ပုံမှန်ပါဘဲ။

    Weather Source: Su Su San

    ကြက်သွန်စိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    တောင်သူကြီးများလှေးပိုးအန္တရာယ်ကြုံတွေ့နေရပြီဆိုရင်

    • စိုက်ခင်းအပူချိန်မြင့်ရင် လှေးပိုးပွားများနှုန်းမြန်တာကြောင့် စိုက်ခင်းအစိုဓာတ်ကိုချိန်ညှိပေးပါ။

    • အပင်အပေါ်မှ ရေဖျန်းစနစ်ဖြင့်ရေပေးပါ။

    • ကြက်သွန်ဘောင်မြေကြီးကို ကောက်ရိုးများအသုံးပြု၍ ဖုံးအုပ်စိုက်ပျိုးပါ။

    • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးတွေ အလွန်အကျွံမသုံးပါနဲ့။

    • အပြာရောင်ပိုးကပ်ထောင်ချောက် (Blue Sticky Trap) များအသုံးပြုပါ။

    • ဓာတု‌ဆေးအနေနဲ့ Fipronil, Acetamiprid, Spinosad တို့လိုဆေးမျိုး တစ်လှည့်စီအသုံးပြုနိုင်ပါတယ်။

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်

    • မန္တလေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    • ကန်ရေအရည်သွေးကို စစ်ပေးရန်၊

    • ရေဩဇာတက်နေပါက အစာကို လျော့ကျွေးပေးရန်၊

    • ကန်ရေပေါ် ရေညှိများရှိနေပါက ဖယ်ရှားပေးရန်၊

    • ကန်ရေ သံချေးရောင်ဖြစ်နေပါက ကန်ရေရဲ့ ၃ ပုံ ၁ ပုံကို ထုတ်ပြစ်ပြီး ရေသစ်လဲပေးရန်၊

    • ပျော်ဝင်အောက်ဆီဂျင်တက်စေရန် ချိန်းဆွဲပေးရန်၊

    • အမိုးနီးယားဓါတ်အဆိပ်တောက်မဖြစ်စေရန် ကန်အောက်ခြေရှိ အနယ်အနစ်များကို ဖယ်ရှားရန်၊

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
0
views
3612