တပ်ကုန်းဒေသစိုက် ခရမ်းချဉ်သီးစိုက်တောင်သူများ အရှုံးနှင့်ကြုံတွေ့နေရ
နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်းရှိခရမ်းချဉ်သီးစိုက်ပျိုးသည့်တောင်သူများကျဈေးနှင်မိနေပြီးအရှုံးနဲ့ကြုံတွေနေရကြောင်းတောင်သူများပြောကြားချက်အရသိရပါတယ်။
“ပြီးခဲ့တဲအစောပိုင်းကာလတွေကခရမ်းချဉ်သီးဈေးတွေကကောာင်းတော့အထင်ကြီးပြီးခရမ်းချဉ်သီးကို စိုက် ခဲ့ကြတာလေ။ ဟော...ကိုယ်ထွက်ချိန်ကြမှဈေးကျချိန်ဖြစ်နေတော့စိုက်စရိတ်တောင်ပြန်မရအောင် ရှုံးလိုက် ခွက်ထိုးခွက်လန်လို့တောင်ပြောလိုက်ချင်တယ်” ဟုတောင်သူတစ်ဦးမှပြောပါတယ်။
ပြီးခဲသည့်ကာလများကခရမ်းချဉ်းသီးတစ်ပိသာ၈၀၀၀ကျပ်အထိဈေးတွေမြင့်တက်သွားပြီးနောက်ပိုင်းဈေးပြန်ကျလာသော်လည်းတစ်ပိသာ၃၀၀၀/၄၀၀၀အထိဈေးရှိခဲ့ကြောင်း၊ယခုအချိန်တွင်ခရမ်းချဉ်သီးစိုက်ဒေသအားလုံးနီးပါးထွက်ချိန်ညီခဲပြီအခြားဒေသစိုက်ခရမ်းချဉ်သီးများပါဈေးကွက်အတွင်ထိုးဝင်လာသည့်အတွက်ဈေးများပြုတ်ကျသွားကာဒေသစိုက်ခရမ်းချဉ်သီးများထွက်ချိန်တွင်ခရမ်းချဉ်သီးတစ်ပိသာ၄၅၀/၅၀၀ဖြင့်ဈေးအနိမ့်ဈေးဖြစ်နေသည့်အတွက် ယင်းသို့အရှုံးနှင့်ကြုံတွေ့ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
“အမှန်ပြောရရင်တော့စိုက်ချိန်လည်းနောက်ကျတာကို ပြီးခဲ့တဲ့မိုးမှာကလယ်ယာတွေ အတော်များများ ရေကြီးနစ်မြုတ်ခဲ့ကြတော့ လယ်ယာတွေပြန်ပြုပြင်နေရတဲ့အချိန်ကြောင့် စိုက်ချိန်နောက်ကျသွားတာလည်း ပါ တာပေါ့။ ပြီးတော့အစောပိုင်းဈေးကောင်းထားတာဈေးအဲဒီလောက်ပြုတ်ကျလိမ်မယ်လို့လည်း ထင်မထား ဘူး။ အခြားဒေသတွေကတောင်သူတွေလည်းဒီလိုဘဲထင်ထားပြီးစိုက်ကြတာထွက်ချိန်မှာအားလုံးညီနေတော့ဈေးကွက်မှာအဝင်ပုံနေတော့ဈေးတွေတဖြည်းဖြည်ဈေးပြုတ်ကျသွားတာ။ ကိုယ်ဒေသသီးထွက်ချိန်ကျတော့ဈေးမရ တော့ဘူး” ဟုခရမ်းချဉ်သီးစိုက်တောင်သူတစ်ဦးမှပြောပါတယ်။
ဘော်ဘော်(နေပြည်တော်)
Opinion Leaders Media မှ ကူးယူဖော်ပြပါသည်။
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752