ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အတွင်း ရှမ်းပြည်နယ်ကြီးမှာ အချိန်အခါမဟုတ် မိုးတွေရွာနိုင်ပါတယ်။ - မႂ်ႇသုင်ၶႃႈ မၢၵ်ႇႁဵပ်းတူၵ်း - ရှမ်းပြည်နယ်အရှေ့ပိုင်း - တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင်နှင့် ရွှေတြိဂံဒေသတွေမှာ ၂၀၂၅ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အတွင်းမိုးတွေရွာနိုင်ပါတယ် - ISSUED TIME - 20/02/2025 5:45pm(MMT) - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - ခရမ်းချဉ်စိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - တောင်သူကြီးများအနေနဲ့ ခရမ်းချဉ်အမြစ်တွေမှာ အဖုလုံးတွေတွေ့နေရပြီဆိုရင်တော့ - ခရမ်းချဉ်မြစ်ဖုနီမတုတ်ရောဂါကျရောက်နေတာဖြစ်ပါတယ်။ - • ချဥ်တဲ့မြေတွေမှာ နီမတုတ်ပိုမိုကျရောက်တက်တဲ့အတွက် မြေချဥ်ငန်ကိန်း ပြန်တက်အောင် ထုံးထည့်ပြီးမြေပြုပြင်ပါ။ - • မျိုးရင်းတူ သီးနှံများဖြစ်တဲ့ ငရုတ်၊ခရမ်း၊ ဂျင်းစတဲ့သီးနှံများဆက်တိုက် မစိုက်ပါနဲ့။ - • ရောဂါကျ ပင်ကြွင်းပင်ကျန်တွေကို မကျန်အောင်ရှင်းပေးပါ၊ - • ပိုးသတ်ဆေး Carbosulfan (သို့မဟုတ်) Fipronil အခဲကိုထည့်ပြီးပြုပြင်ပေးပါ။ - • ရောဂါပြင်းထန်စွာကျခဲ့လျှင် မြေလှပ်တာမျိုးလုပ်ပေးပါ။ - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - • ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - • ပျော်ဝင်အောက်ဆီဂျင်ရရှိရေး ရေဖြန်းပေးရန်၊ - • ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးများ ပေါက်ပွားနေသော မြစ်ချောင်းများမှ ရေကို သွယ်တန်း စုပ်ယူခြင်းများ မပြုလုပ်ရန်၊ - • ကန်ရဲ့ ရေသွင်းပေါက်တွင် ရေစစ်များထားရှိရန်၊ - • ရေချဉ်ဖန်နှုန်းကို စစ်ပေးရန်၊ - • အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊ - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
