ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ ဖေဖော်ဝါရီလ ၂၄ရက်နေ့မှ ၂၆ရက်နေ့အတွင်း ရှမ်းပြည်နယ်ကြီးမှာ အချိန်အခါမဟုတ် မိုးတွေရွာနိုင်ပါတယ်။
မႂ်ႇသုင်ၶႃႈ မၢၵ်ႇႁဵပ်းတူၵ်း
ရှမ်းပြည်နယ်အရှေ့ပိုင်း
တာချီလိတ်ခရိုင် ကျိုင်းတုံခရိုင်နှင့် ရွှေတြိဂံဒေသတွေမှာ ၂၀၂၅ဖေဖော်ဝါရီလ ၂၃ရက်နေ့မှ ၂၇ရက်နေ့အတွင်းမိုးတွေရွာနိုင်ပါတယ်
ISSUED TIME
20/02/2025 5:45pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်
ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-
• ပျော်ဝင်အောက်ဆီဂျင်ရရှိရေး ရေဖြန်းပေးရန်၊
• ဘက်တီးရီးယားနဲ့ အခြားရောဂါပိုးများ ပေါက်ပွားနေသော မြစ်ချောင်းများမှ ရေကို သွယ်တန်း စုပ်ယူခြင်းများ မပြုလုပ်ရန်၊
• ကန်ရဲ့ ရေသွင်းပေါက်တွင် ရေစစ်များထားရှိရန်၊
• ရေချဉ်ဖန်နှုန်းကို စစ်ပေးရန်၊
• အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752