cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
မိုးရွာနိုင်ချေရှိသောကြောင့် ပဲသိမ်းနေကြသောတောင်သူများအနေဖြင့် ဆုံးရှုံးမှုနည်းအောင် သတိထားလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။
  • ၂၀၂၅ ဖေဖော်ဝါရီလ ၂၄ရက်နေ ၂၅ရက်နေ့တွေမှာ မိုးအသင့်အတင့်ရွာနိုင်ပါတယ်။

    မိုးရေထိမခံနိုင်သော မြို့ပြအဆောက်အဦး အင်ယာများ အုတ်လုပ်ငန်း လုပ်နေသူများ၊ ပဲရိတ်သိမ်းနေသူများ မိုးကြောင့်ပျက်စီးမှုမရှိအောင် ကြိုတင်ပြင်ဆင်စီစဥ်ဆောင်ရွက်ကြပါလို့ အကြံပြုလိုက်ပါတယ်။

    ISSUED TIME

    20/02/2025 6:37pm(MMT)

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    ·      မိုးရွာနိုင်ချေရှိသောကြောင့် ပဲသိမ်းနေကြသောတောင်သူများအနေဖြင့် ဆုံးရှုံးမှုနည်းအောင် သတိထားလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

    ·      ရာသီဥတု ပူပြီး၊ စိုက်ခင်းရေများတဲ့အခြေအနေကြောင့်လည်း လက်ရှိဖြုတ်ပိုးကျနေတာ တွေ့ရသလို၊ ကျနိုင်ချေများတာကြောင့် စိုက်ခင်းကိုသေချာကွင်းဆင်းစစ်ဆေးဖို့ လိုပါတယ်။

    ·      ဖြုတ်ပိုးက အပူချိန် ၃၄-၃၆ ဒီဂရီ၊ ပူအိုက်စိုစွတ်တဲ့အခြေအနေ၊ စိုက်ခင်းထဲစိုထိုင်းဆ( ၉၀-၁၀၀% ) နှင့် စပါးခင်းထဲရေအမြဲရှိတဲ့အခြေအနေကို ကြိုက်နှစ်သက်ပါတယ်။

    ·      ပြီးတော့ ယူရီးယားပုလဲမြေဩဇာ(N) အလွန်အကျွံထည့်ခြင်းကိုရှောင်ပါ။

    ·      ရေထုတ်ပေးပါ။ လေကြောင်းခွဲပေးပါ။

    ·      ရေထုတ်ပြီးမှ Buprofezin+Acetamiprid, Pymetrozine+ Nitnepyram, Fenobucarb+ Cyantraniliprole အဆင်ပြေရာကိုဖျန်းပေးပါ။

    ·      ပိုတက်ရှ်(K)ကိုအဓိကထည့်ပေးပါ။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

                 ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ-

    -      ကန်ဖော်နေသည့် ငါး/ပုစွန်မွေး တောင်သူကြီးများအနေဖြင့် ငါးများ အနာသက်သာစေရန် မနက်ခင်း နေအေးချိန်တွင် ဆောင်ရွက်သင့်ပါကြောင်း၊

    -      ကန်ရေအရောင်ဟာ မည်းနောက်နောက်ဖြစ်နေပါက နေ့ခင်းတွင် ကန်ရေ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကို ထုတ်ပစ်ပြီး ညအချိန်ရောက်မှသာ ပြန်ထည့်ပေးရန်၊

    -      ကန်ရေမျက်နှာပြင်တွင် ရေညှိများပေါက်ရောက်တဲ့ ကာလဖြစ်တဲ့အတွက် ကန်သန့်ရှင်းရေး ဆောင်ရွက်ပေးရန်၊

    -      အချို့ကန်များတွင် ကန်ရေအရောင်များ အရမ်းဖျော့နေတတ်ပါက NPK မြေဩဇာကို ၁၀၀၀ ကုဗစ်မီတာတွင် ၁ ကီလိုဂရမ်မှ ၂ ကီလိုဂရမ်ထည့်ပေးရန်နဲ့ အဆိုပါပမာဏကို ၂ ရက်မှ ၃ ရက်အထိထည့် ပေးရန်၊

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
3303