“တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်"
- (၁၇. ၂ . ၂၀၂၅ မှ ၂၁. ၂. ၂၀၂၅) - နှမ်း - နှမ်းမျိုးစုံစျေးကွက်မှာ နှမ်းနက်က စျေးတက်လာပြီး နှမ်းဖြူက စျေးကျကာ နှမ်းညိုကတော့ စျေးငြိမ်နေပါတယ်။ - မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှာ နှမ်းဖြူက ဆောင်းနှမ်းအသစ်တွေ ဝင်ရောက်မှုရှိပြီး လုပ်ငန်းသမားအဝယ်သာပုံမှန်ရှိတာကြောင့် စျေးကျသွားပါတယ်။ နှမ်းညိုကတော့ အရောင်းအဝယ်အေးပေမယ့် အသစ်အဝင်နည်းတဲ့အတွက်စျေးငြိမ်နေတာပါ။ နှမ်းနက်စမုံက ဆောင်းနှမ်း အဝင်နည်းသလို လက်ကျန်နှမ်းလည်းနည်းတာကြောင့် စျေးတက်ရိပ်ပြလာပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ၄၅ ပိဿာကို ၃၂၀၀၀၀ကျပ်မှ ၃၃၅၀၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ နှမ်းညိုက ၃၀၀၀၀၀ ကျပ် ရှိပါတယ်။ နှမ်းနက်စမုံ အက်ဆစ်လွတ်နှမ်းမှာ ၇၃၀၀၀၀ မှ ၇၃၅၀၀၀ ကျပ်စျေး ပေါက်ပါတယ်။ - ပဲတီစိမ်း - ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ပဲတီးစိမ်းဝါးခယ်မ တစ်မျိုးသာ စျေးတက်လာပြီး ကျန်တဲ့ ခရမ်း ရွှေဝါပဲတီစိမ်း၊ ပဲခူးရွှေဝါပဲတီစိမ်းနဲ့ ပဲတီစိမ်း(အညာ)က စျေးငြိမ်နေပါတယ်။ - ပဲတီစိမ်းက စျေးငြိမ်နေပေမယ့် တရုတ်ဝယ်လိုအားရှိတာကြောင့် စျေးကွက်ကောင်းပြီး အရောင်းအဝယ်လည်း သွက်နေပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်နဲ့စျေးငြိမ်နေပြီး ပဲတီစိမ်း အညာကလည်း အရင်အပတ်ကအတိုင်း ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်မှာစျေးငြိမ်နေပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၂၅၀ မှ ၅၂၇၀ ကျပ်စျေးပေါက်ပြီး ၁၇၀ ကျပ်တက်လာပါတယ်။ - မန္တလေးစျေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။ - ပဲပုတ် - ပဲပုတ်( မြန်မာ )က စျေးကျသွားပြီး ပဲပုတ်(ရှမ်း)က စျေးငြိမ်နေပါတယ်။ ပဲပုတ်(မြန်မာ)က လက်ရှိမှာ ကုန်စည်ဒိုင်တွေကို ဆောင်းပဲအသစ်တွေ ဝင်ရောက်မှုရှိပြီး လုပ်ငန်းသမားသာ အဝယ်ပုံမှန် ရှိလို့ စျေးကျရိပ်ပြလာပါတယ်။ - ပဲပုတ်(ရှမ်း)ကတော့ စျေးကွက်အတွင်းကို ပဲအသစ်မဝင်သေးခြင်း၊ ဆီစက်သမားအဝယ်နည်းခြင်း၊ လက်ကျန်နည်းခြင်းကြောင့်စျေးငြိမ်နေပါတယ်။ - မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ ပဲပုတ် မြန်မာက ၂၈၈၀၀၀ ကျပ်ရှိပြီး ပဲပုတ်ရှမ်းက ၃၃၀၀၀၀ ကျပ်ရှိ နေပါတယ်။ - မတ်ပဲ - မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးတန်းအနည်းငယ် တက်ရိပ်ပြလာပြီး အမြင့်ဆုံး တစ်တန်ကို ၂၉၇၈၀၀၀ ကျပ်အထိ ရှိလာပါတယ်။ - မတ်ပဲကို အိန္ဒိယက အဝယ်အေးနေတဲ့အပြင် အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့ခွင့် အပေါ်သက်တမ်း ထပ်မတိုးသေးတာကြောင့် စျေးကွက်မတက်ဘဲ အေးနေတာဖြစ်ပါတယ်။ စျေးအေးနေပေမယ့် ပဲ အသစ်တွေ အရောင်းအဝယ်ကောင်းနေပြီး ပဲအသစ်တွေ စျေးကွက်ထဲဝင်ရောက်မှုများနေပါတယ်။ - ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၂၉၃၂၀၀၀ ကျပ်၊အင်္ဂါနေ့မှာ ၂၉၃၃၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၂၉၄၃၀၀၀ကျပ် ၊ ကြာသပတေးနေ့မှာ ၂၉၆၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၂၉၇၈၀၀၀ ကျပ်ရှိပါတယ်။ ခုတပတ်မှာ ၄၀၀၀၀ ကျော်လောက် အတက်ပြ လာပါတယ်။ - မန္တလေးစျေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ ကို ၂၆၅၀၀၀ မှ ၂၇၃၀၀၀ ကျပ်ရှိပါတယ်။ - ပဲစဥ်းငုံ - ပဲစဥ်းငုံကတော့ ဒီတစ်ပတ်မှာ စျေးပြန်တက်လာပြီး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော်အထိ မြင့်တက် လာပါတယ်။ - အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ ပြုလုပ်ခဲ့တဲ့ ပဲမျိုးစုံ ဆွေးနွေးပွဲအပြီးမှာ ခုလို ပြည်တွင်း ပဲစင်းငုံဈေး တစ်တန်ကို ကျပ်သိန်း ၃၀ ကျော် အထိ ပြန်လည်မြင့်တက်လာတာဖြစ်ပါတယ်။ - လက်ရှိမှာ ဆောင်းပဲစဥ်းငုံအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုရှိပြီး သိုလှောင်မယ့်သူတွေနဲ့ ပဲခွဲစက်တွေက အဝယ်ရှိနေတယ်လို့ သိရပါတယ်။ - ဒီတစ်ပတ် ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လါနေ့က ပဲစဥ်းငုံနီ တစ်တန် ကို ၂၉၇၀၀၀၀ - ကျပ်၊အင်္ဂါနေ့မှာ ၃၀၂၅၀၀၀ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၃၀၀၀၀ ကျပ်၊ ကြာသပတေး နေ့က ၃၀၅၅၀၀၀ကျပ်၊ သောကြာနေ့မှာ ၃၀၆၈၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်းမှာ ၁ သိန်းကျပ် လောက်တက်လာပါတယ်။ အရင်အပတ်နဲ့ယှဥ်ရင်တော့ ၁၅၀၀၀၀ ကျပ် လောက်တက်လာပါတယ်။ - မန္တလေးစျေးကွက်မှာတော့ ပဲစဥ်းငုံနီက ပိဿာ ၆၀ တစ်အိတ်ကို ၂၈၇၀၀၀ မှ ၂၈၈၀၀၀ ကျပ်ရှိပါတယ်။ - (AMIA) - ✦✦✦✦✦✦✦✦ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ - စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
