cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
လက်ရှိ စပါးမြစ်ဖုနီမတုတ်နဲ့ပတ်သတ်ပြီးမေးမြန်းလာတာကြောင့် မြစ်ဖုနီမတုတ်နဲ့ ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို ဆွေးနွေး အကြံပြုပေးလိုက်ပါတယ်။
  • ပဲခူးတိုင်း ၂၀၂၅ ခုနှစ် ၂၆ ရက်နေ့ မိုးရွာနိုင်ပြီး ၂၇ ရက်နေ့ မှ မတ်လ ၃ ရက်နေ့အထိ ရာသီဥတု ကြည်လင်သာယာသွားစေနိုင်ပါတယ်။

    #တိကျမှန်ကန်

    Su Su San

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

    ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့

    • လက်ရှိ စပါးမြစ်ဖုနီမတုတ်နဲ့ပတ်သတ်ပြီးမေးမြန်းလာတာကြောင့် မြစ်ဖုနီမတုတ်နဲ့ ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို ဆွေးနွေး အကြံပြုပေးလိုက်ပါတယ်။
    • စပါးမြစ်ဖု နီမတုတ်ကျပါက သိသာနိုင်တဲ့အချက်တွေမှာ အမြစ်ထွက်အားနည်းခြင်း၊ ညိုမွဲမွဲအရောင်ဖြစ်နေခြင်း၊ အမြစ်မှာ အဖုလေးတွေတွေ့ရပြီး အမြစ်ထိပ်က ချိတ်လိုကောက်နေတတ်ပါတယ်။
    • မြစ်ဖုနီမတုတ်က မြေကြီးချဥ်ငန်ဓာတ် ၅- ၅.၅ ၊(Fe သံဓာတ်များတဲ့ အခြေအနေ) မှာအဓိကကျရောက်တတ်ပြီး မြေချဥ်ငန်ကိန်း ပြန်တက်အောင် ထုံးထည့်ပြီးမြေပြုပြင်ဖို့လိုပါတယ်။
    • ဆိုးဆိုးရွားရွားကျရင် မြေလှပ်တာမျိုးလုပ်ပေးရပါမယ်။
    • မြေပြင်ချိန်မှာတော့ ပိုးသတ်ဆေး Carbosulfan (သို့မဟုတ်) Fipronil အခဲကိုထည့်ပေးခြင်း၊ ကြဲပက်ခြင်းတို့ကို လုပ်ပေးနိုင်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

    ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- 

    -      ဈေးကွက်တန်းဝင် ငါးအရွယ်ရောက်နေပြီဆိုပါက ကန်ဖော်ရန် အသင့်လျော်ဆုံးအချိန်ကာလ ဖြစ်ပါကြောင်း၊ 

    -      ကန်ဖော်ပြီးငါးများကို အအေးခန်းပါသည့်ကားများ သို့မဟုတ် ရေခဲပုံးများဖြင့် စနစ်တကျ ထည့်၍ သယ်ယူပို့ဆောင်ရန်၊ 

    -      ဈေးကွက်တန်းဝင်မရောက်သေးဘဲ ဆက်လက်မွေးမြူမည့် ကန်သမားများအနေဖြင့် ရေအရည် အသွေးကို စစ်ဆေးပေးရမည့်ကာလဖြစ်ပါကြောင်း၊ 

    -      ကန်ရေအရည်သွေးဟာ အရောင်မရှိဖြစ်နေလား၊ မဲနေလား၊ သံချေးရောင်ဖြစ်နေလား၊ နွံရောင် ဖြစ်နေ လား သေချာစစ်ဆေးရန်နှင့် အဆိုပါအရောင်များဖြစ်နေပါက ကန်ရေပြန်လည် ကြည်လင်စိမ်းနေစေရေး ဆောင်ရွက်ရန်၊ 

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
1
views
3053