အချိန်အခါမဟုတ် မိုး မိတဲ့ကြက်သွန်ခင်းတွေမှာဘာပြုလုပ်သင့်လဲ
မြန်မာနိုင်ငံနေရာအများစုမှာ အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနိုင်ပါရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားပါတယ်။ အခုလိုအချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ရင်တော့ တောင်သူဦးကြီးတို့ရဲ့ ကြက်သွန်စိုက်ခင်းကို ဂရုစိုက်ပြုစုစောင့်ရှောက်ဖို့လိုအပ်ပါပြီ။ အကယ်၍ ရေသွင်းပြီးခါစ မိုးရွာလိုက်လို့ စိုက်ခင်းရေများသွားတယ်ဆိုရင်တော့ ချက်ခြင်းပဲ ရေထုတ်မြောင်းတွေမှတဆင့် စိုက်ခင်းထဲမှရေထွက်သွားအောင် ပြုလုပ်ပေးသင့်ပါတယ်။ မိုးမိထားတဲ့ ကြက်သွန်ခင်းကို ဂျစ်ပဆန်ကျောက်မှုန့်ထည့်ပေးရပါမယ်။ ဆာလ်ဖာ ရွက်ဖျန်းဆေးကို နေအပူချိန်မမြင့်ခင်အသုံးပြုသင့်ပါတယ်။
ထို့အပြင် မိုးရွာသွန်းမှုကြောင့် ကြက်သွန်ပင် ဥပုပ်ခေါင်းပုပ်ရောဂါ ကျရောက်လာနိုင်တာဖြစ်တဲ့အတွက် မှိုရောဂါကာကွယ်ဆေးအသုံးပြုသင့်ပါတယ်။ အသုံးပြုသင့်တဲ့ မှိုကာကွယ်ဆေးကတော့ မန်ကိုဇက် ကိုအသုံးပြုသင့်ပါတယ်ခင်ဗျာ။ ဥပုပ်ခေါင်းပုပ်ရောဂါကျရောက်ခဲ့ပါက ကော့ပါးဟိုက်ဒရောက်ဆိုဒ်၊ ကော့ပါးအောက်စီကလိုရိုဒ် နှင့် ဖော့စတိုင်းအလူမီနီယမ် မှိုသတ်ဆေးကိုအသုံးပြုသင့်ပါတယ်ခင်ဗျာ။ အထွက်ကောင်းပြီး ဈေးကောင်းရကြပါစေခင်ဗျာ။
ကိုးကား။ A.K.Z.M(2013) အခုလို Facebook အသုံးပြုရန် ခက်ခဲနေချိန်တွင် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာဝန်ဆောင်မှုရယူရန် ထွက်တိုးဖုန်းအက်ပလီကေးရှင်းကို အခုပဲဒါင်းလုတ်ယူလိုက်ပါ။
ပလေးစတိုး - www.bit.ly/fbhtwettoe
တောင်သူဦးကြီးများအားလုံးကို အကူအညီပေးရန် ထွက်တိုးမှ အဆင်သင့်ရှိနေပါတယ်။ မိမိမိတ်ဆွေ၊သူငယ်ချင်းများကိုလဲ ဒေါင်းလုတ်ယူထားဖို့လဲဝေမျှပေးပါဦးနော်။
-------
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437