cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာဘာအခေါက်စားပိုးအကြောင်း သိကောင်းစရာ

. ပိုးမွှား
ဒီနေ့မှာတော့ ရာဘာစိုက်တောင်သူဦးကြီးများအတွက် ရာဘာအပင်ကြီးတွေမှာ ကျရောက်တတ်တဲ့ အခေါက်စားပိုးအကြောင်းကို ပြောပြပေးသွားပါမယ်။
  • ရာဘာပင်မှာ ကျရောက်တတ်တဲ့ အခေါက်စားပိုးတွေကို သိပ္ပံအမည်ကတော့ Aetherastis circulate လို့ ခေါ်ပါတယ်။ ရာဘာအခေါက်စားပိုးတွေဟာ ရာဘာပင်ရဲ့ ပင်စည်တွေနဲ့ အကိုင်းတွေမှာ စွန်ပစ်ပစ္စည်းတွေနဲ့ ချည်မျှင်တွေကို ထုတ်လုပ်ပြီးတော့ ပင်စည်တွေမှာ အဆောက်အဦးအဖြစ် တည်ဆောက်ပြီးနေတတ်ကြပါတယ်။

    ရာဘာအခေါက်စားပိုးတွေရဲ့ ပုံသဏ္ဍာန်အနေနဲ့ကတော့ လောက်ကောင်အဆင့်တွေမှာ ပန်းရောင်ရှိကြ ပြီးတော့ ခန္တာကိုယ်မှာ အရစ်များ ပါရှိကြပါတယ်။ အကောင်ကြီးအဆင့်မှာတော့ သေးငယ်ပြီးတော့ အဖြူဖျော့ရောင်ရှိကြပြီးတော့ ဦးမှင်က ရှည်ပြီးတော့ ထင်ရှားပါတယ်။ရာဘာအခေါက်စားပိုးတွေမှာ ကိုက်ဖြတ်ဝါးစားတဲ့ပါးစပ်တွေပါပြီးတော့ သစ်ခေါက်အခြောက်တွေကို စားသောက်တတ်ကြပါတယ်။အခေါက်စားပိုးတွေ ကျရောက်ရင်တော့ ပင်စည်ရဲ့ အခေါက်တွေမှာ ကိုက်ဖြတ်စားသောက်ထားတဲ့ ဒါဏ်ရာ နက်နက်ရှိုင်းရှိုင်းတွေ ထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။

    အခေါက်စားပိုးတွေဟာ တစ်ခါတရံမှာ သစ်ခေါက်အစိုတွေကိုလည်း စားသောက် ဖျက်ဆီးတတ်ပါသေးတယ်။ သစ်ခေါက်အစိုတွေကို စားသောက်ဖျက်ဆီးလိုက်ရင်တော့ ရာဘာပင်စည်တွေမှာ ရာဘာစေးတွေ ယိုကျလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

    နောက်တခုအနေနဲ့ကတော့ ရာဘာပင်စည်တွေမှာ အခေါက်စားပိုးကျရောက်ပြီဆိုရင် အခေါက်စားပိုး တွေဖျက်ဆီးမှုကြောင့် ရလာတဲ့ ဒါဏ်ရာတွေကနေတဆင့် ရာဘာပင်ကို ရောဂါဖြစ်စေတဲ့ မှိုများ၊ ရောဂါဖြစ်စေတဲ့ သက်ရှိများ ဝင်ရောက်လာနိုင်ပြီးတော့ ရာဘာ အခေါက်ပုပ်ခြင်း၊ ရာဘာကိုင်းများ ခြောက်ကာ ကျိုးကျပျက်စီးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

    ရာဘာအခေါက်စားပိုးတွေဟာ ခြောက်သွေ့တဲ့ ရာသီတွေမှာသာ ကျရောက်လေ့ရှိတဲ့အတွက် မိုးရာသီ မိုးကျတဲ့အချိန်တွေမှာ ပျောက်ကွယ်သွားတတ်ကြပါတယ်။ ခြောက်သွေ့တဲ့ ရာသီတွေမှာ ရာဘာအခေါက်စားပိုးတွေ ဆိုးဆိုးဝါးဝါးကျလာပြီဆိုရင် သိုင်ရာမတ်သိုဇင်(Thiamethoxam)၊ဖီပရိုနေးလ်(Fipronil) စတဲ့ ဆေးအဆိပ်ပါဝင်တဲ့ ဆေးတစ်မျိုးမျိုးကို ဒါဏ်ရာရထားတဲ့ အခေါက်ထဲကို ဆေးထိုးထည့်ပေးရပါမယ်။

    Reference; http://www.egyankosh.ac.in/.../123456789/12493/1/Unit-11.pdf

    Ye Min Han (Htwettoe)

    ✦✦✦✦✦✦✦✦✦✦✦✦

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
5
comments
0
views
2459