အဝင်များ၍ ကြက်သွန်နီစျေးများ ကျဆင်းလာ
စျေးကွက်သို့ ကြက်သွန်နီ အသစ်များ အဝင်များနေသည့်အတွက် စျေးကျဆင်းလာကြောင်း ကုန်သည်တစ်ချို့ ထံမှ သိရသည်။
မိုး၊ နွေကြက်သွန်အသစ်ပေါ်ချိန် ကုန်စည်ဒိုင်များသို့ ကြက်သွန်နီများ အဝင်များနေပြီး အဝယ်နည်း လာသည့်အတွက် စျေးများကျဆင်းလာကြောင်း ရပါသည်။
“ကုန်စည်ဒိုင်တွေမှာ ကားများရင် စျေးကျနိင်ပါတယ်။ ကြက်သွန်စျေးတက်ဖို့ထက် စိုက်တောင်သူတွေ အရင်းမရှုံးအောင် ရောင်းတတ်ဖို့ အဓိကပါ၊ ပစ္စည်းကောင်း အရည်အသွေးကောင်း၊ တူးဖေါ်ရောင်းမှ ပြည်တွင်း၊ပြည်ပ ကုန်သည်များ စျေးမကစားရဲမှာ “ ဟု ဘုရင်နောင် ကုန်စည်ဒိုင်မှ ကုန်သည်တစ်ဦး ကသုံးသပ်ပြော ထားသည်။
ဘုရင့်နောင်ပွဲရုံ စျေးနှုန်းအရ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆိပ်ဖြူ ကြက်သွန် တစ်ပိဿာ ကို ၂၈၅၀ ကျပ် ၊ မြင်းခြံ တစ်ပိဿာကို ၂၄၀၀ကျပ် ၊ မြစ်သား ကြက်သွန် တစ်ပိဿာ ကို ၃၂၀၀ ကျပ် အသီးသီး ပေါက်စျေးရှိကြောင်း သိရပါသည်။
ပြီးခဲ့ အပတ်ဖြင့် ယှဉ်ရင်ပါက ဘုရင့်နောင်ကုန်စည်ဒိုင် မှာ ကြက်သွန်နီ တစ်ပိဿာလျှင် ၃၀၀ မှ ၅၀၀ ခန့် ထိ ကျဆင်းသွားကြောင်း တွေ့ရပါသည်။ ဘုရင့်နောင် ကုန်စည်ဒိုင် မှာ ကားအဝင်များနေဦးမည်ဆိုပါက စျေးဆက်လက်ကျ နိုင်ကြောင်း သုံးသပ်ကြပါသည်။
လမ်းပန်း ဆက်သွယ်ရေး နှင့် သယ်ယူပို့ဆောင်ရေး ခက်ခဲ့သည့် နေရာတွေမှာတော့ လက်လီ စျေးတက်နိုင်သော်လည်း တောင်သူများ အနေဖြင့်တော့ စျေးမရရှိ၍ စိုက်စရိတ် မရကာအရှုံးပေါ်နေကြောင်း သိရပါသည်။
လက်ရှိတွင် ဆီစျေး ၊မြေဩဇာ စျေးနှုန်း ကြီးနေသည့်အတွက် တောင်သူများအတွက် တွက်ချေ ကိုက်မည် မဟုတ်ကြောင်း သိရပါတယ်။
“လမ်းပန်း ဆက်သွယ်ရေး နဲ့ သယ်ယူပို့ဆောင်ရေး ခက်ခဲ့သည့် နေရာတွေမှာဘဲ စျေးတက်နိုင်တယ်။ တကယ်ထွက်တဲ့ ဒေသတွေမှာတော့ ကြက်သွန်တောစျေးက စျေး မရပါဘူး။ ကြက်သွန် စျေးတက်နေတဲ့ အချိန်ထဲက စျေး သိပ်မရတာ။ အခုကျတော့ ပိုဆိုးတာပေါ့ “ ဟု မြင်းခြံ မှ ကြက်သွန်စိုက် တောင်သူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံကထွက် ကြက်သွန်များကို နယ်စပ်ကုန်သွယ်ရေး နှင့် ရေကြောင်းကုန်သွယ်ရေး တို့မှ တစ်ဆင့် ပြည်ပနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသို့ တင်ပိူ့လျက်ရှိကြောင်း သိရပါသည်။
ပြည်တွင်းအခြေအနေကြောင့် နယ်စပ်များမှာ တင်ပို့နေကြသည့် ကုန်သည် တစ်ချို့ မှာ ရပ်နားခဲ့ရသည့် အခြေအနေများလည်းရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ဖိုးချဲ(AMIA)
✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။
စိုက်ခင်းပြဿနာ အဖြေရှာနည်းလေ့လာရန် - https://htwettoe.com/post/38752