“ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ဗီဒီယို သင်ခန်းစာ ကြည့်ပြီး ဖုန်းဘေကံထူးသူများ (၁၉,၂၀)”
စိုက်ပျိုးရေးနှင့် ငါးမွေးတောင်သူကြီးများ နေ့စဥ် မဖြစ်မနေကြုံတွေ့နေရသော ရာသီဥတု ဖောက်ပြန်ခြင်း၊ ပြောင်းလဲခြင်းများကြောင့် ဖြစ်ပွားနိုင်သော၊ ဖြစ်ပွားတတ်သော အန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန် နှင့် ခုခံနိုင်စွမ်းအားပိုမို ရရှိနိုင်ရန် ရည်ရွယ်ပြီး ထွက်တိုး နှင့် အခြားမိတ်ဖတ် အဖွဲ့ အစည်းများ မှ တောင်သူများနားလည်လွယ် အောင် ဗီဒီယိုအဖြစ် ဖန်တီး ပြုလုပ်ထားပါသည်။
(၁၉) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
စပါးသိုလှောင်မည်ဆိုပါက အစိုဓာတ်ပါဝင်မှု ပုံမှန်အားဖြင့် 12-14% ရှိသင့်ပါသည်။ အဘယ်ကြောင့်ဆိုလျှင် အစိုဓါတ်များပါက အပင်များအညှောင့်ပေါက်ခြင်း၊ မှိုတက်ခြင်း စသောပြဿနာများဖြင့်ကြုံတွေ့ရတတ်ပါသည်။ စက် သို့မဟုတ် နေ ရောင်အောက်အခြောက်ခံခြင်းများဖြင့်အခြောက်ခံနိုင်သည်။ စက်ဖြင့်အသုံးပြုပါက ရာသီဥတု အခြေအနေကို မူတည်စရာမလိုသောကြောင့်ပိုမိုကောင်းမွန်ထိရောက်စေနိင်ပါသည်။
ထို့ကြောင့် အဖြေမှန်မှာ (က) မှန် ဖြစ်သည်။
(၂၀) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ရာသီဥတုပြောင်းလဲမှုသည် လယ်ယာလုပ်ငန်းကို သိသိသာသာ သက်ရောက်မှုရှိပြီး သီးနှံအထွက်နှုန်း၊ ရေရရှိနိုင်မှုနှင့် ပိုးမွှားနှင့် ရောဂါများအဖြစ်များလာမှုကို ထိခိုက်စေပါသည်။ ဤသည်မှာ အချို့သော အဓိကအကျိုးသက်ရောက်မှုများကို ဗီဒီယို လင့် မှာလေ့လာနိုင်ပါတယ်။
ထို့ကြောင့် အဖြေမှန်မှာ (က) မှန်/ရှိပါတယ် ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုး Chat box မှတစ်ဆင့်ဆက်သွယ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။