မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် - မကွေးတိုင်း ၂၀၂၅ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၃ ရက်နေ့အတွင်း - ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေပါလိမ့်မယ်။ မိုးအနှောက်အယှက်မရှိပါဘူး။ - Weather Source: Su Su San - မကွေးတိုင်းဒေသကြီးအတွင်းရှိ ပဲမျိုးစုံစိုက်တောင်သူများထံသို့… - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - ရာသီဥတုပူလာတာနဲ့ အမျှ တောင်သူဦးကြီများ၏ ကုလားပဲစိုက်ခင်းများမှာ ယင်ဖြူပိုး ကျရောက်တတ်ပါတယ်။ ယင်ဖြူကျနေပြီဆိုရင်တော့ ကုလားပဲအရွက်တွေ အဝါရောင်ပြောင်းပြီး အရွက်ပုံစံမမှန်တာတွေ တွေ့ရတတ်ပါတယ်။ - · ယင်ဖြူပိုး ကျရောက်မှုကို အမြဲကွင်းဆင်းစစ်ဆေးနေပါ။ - · အပင်ပုပြီး ဝါနေတာမျိုးတွေ့ရပါက တစ်ခါတည်းနုတ်ပြီး ရှင်းပစ်ပေးပါ။ - · အသုံးနိုင်တဲ့ဆေးတွေကတော့ Spinosad, Spirotetramat, Pyriproxyfen, Fipronil+ Bifenthrin, Pymetrozine+ Nintepyram ဖျန်းပေးနိုင်ပါတယ်။ - · ပိုးသတ်ဆေး အမျိုးအစားများကို တစ်လှည့်စီ လှည့်၍ အသုံးပြုပါ။ - · နိုက်ထရိုဂျင်ရွက်ဖျန်းမြေဩဇာ အလွန်အကျွံမသုံးပါနဲ့။ - · အပူချိန်မြင့်ပြီး စိုထိုင်းဆနည်းတဲ့အခြေအနေက ယင်ဖြူပွားများဖို့ကို အားပေးတဲ့အတွက် စိုက်ခင်းစိုထိုင်းဆကိုချိန်ညှိပေးပါ။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - မကွေးတိုင်းမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု လိုပါတယ်ခင်ဗျာ- - - ကန်ရေအရည်သွေးကို စစ်ပေးရန်၊ - - ရေဩဇာတက်နေပါက အစာကို လျော့ကျွေးပေးရန်၊ - - ကန်ရေပေါ် ရေညှိများရှိနေပါက ဖယ်ရှားပေးရန်၊ - - ကန်ရေ သံချေးရောင်ဖြစ်နေပါက ကန်ရေရဲ့ ၃ ပုံ ၁ ပုံကို ထုတ်ပြစ်ပြီး ရေသစ်လဲပေးရန်၊ - - ပျော်ဝင်အောက်ဆီဂျင်တက်စေရန် ချိန်းဆွဲပေးရန်၊ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
