cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေဖုံးခြင်း (Mulching)

. ဉာဏ်စမ်း
အပင်ခြေ မြေဆီလွှာ မျက်နှာပြင်ကို အလင်းကာပေးသော ကောက်ရိုး၊ မြက်ခြောက်၊ သစ်ရွက်ခြောက်တို့ဖြင့် မြေဖုံးပေးခြင်းဖြစ်သည်။
  • အပင်၏ အရိပ်စက်ဝန်း အစာစက်ဝန်းအတွင်း ထိုကဲ့သို့မြေဖုံးပေးခြင်းဖြင့် ရရှိသော အကျိုးကျေးဇူးများမှာ-

    ၁။ နွေရာသီတွင် အပင်ခြေ မြေဆီလွှာတဝိုက် အစိုဓာတ်ကို ထိန်းပေးရုံမက အမြစ် နေပူလောင်ခြင်း အလင်းထိခြင်းတို့မှ ကာကွယ်ပေးသောကြောင့် အမြစ်ရှင်သန်ဖွံ့ဖြိုးမှုကို အားပေးသည်။

    ၂။ ဆောင်းရာသီကဲ့သို့ အအေးပိုင်းတွင် မြက်အစိုများ ဖုံးပေးခြင်းဖြင့် အနွေးဓာတ်ရစေသည်။ မိုးတွင်းတွင် ကောက်ရိုးကဲ့သို့ အုံပေးခြင်းဖြင့် မြေဆီလွှာရေတိုက်စားခြင်းမှ ကာကွယ်ပေးသည်။

    ၃။ ထိုကဲ့သို့ မြေဖုံးပေးခြင်းကြောင့် မြေဆီလွှာအတွင်း အဏုဇီဝရုပ်များ နိုးကြားရှင်သန်မှုကို အားပေးပြီး ထိုအဏုဇီဝရုပ်များ ပေါများလာခြင်းက အပင်မြေဆီလွှာ၏ ရုပ်ပိုင်း၊ ဇီဝပိုင်း၊ ဓာတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အလုံးစုံကို ဖြစ်ပေါ်စေသည်။

    ၄။ ထိုသို့ ရုပ်၊ဇီဝ၊ဓာတ်တို့ ဖွံ့ဖြိုးနိုးကြားခြင်းကပင် မြေဆီလွှာကို ပိုမိုကောင်းမွန်စေပြီး အမြစ်များ ပုံမှန်အားဖြင့် မစားသုံးနိုင် သေးသောအခြေအနေရှိသည့် မြေသြဇာ (အထူးသဖြင့် ဓာတ်မြေသြဇာ) များကို လွယ်ကူစွာ စားသုံးနိုင်သော အခြေအနေ သို့ ပြောင်းလဲပေးနေသည်။

    ၅။ မြေဖုံးထားခြင်းကြောင့် မြေဆီလွှာဝန်းကျင် အမှောင် ပိုမိုရရှိသဖြင့် အမြစ်သည် အလင်း၏ ဆန့်ကျင်ဘက်သို့ သွားခြင်း သဘော ရှိခြင်းကြောင့် အမြစ်၏ ကြီးထွားနှုန်း ထိုအမှောင်ဝန်းကျင်တွင် ပိုမို ရှင်သန်ကောင်းမွန်စေသည်။

    ၆။ ထိုသို့ အဏုဇီဝရုပ်များ ရှင်သန်နိုးကြား လှုပ်ရှားရာမှ ထွက်ပေါ်လာသော ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အပင်၏ အလင်းဖြင့် အစာချက်ခြင်း ဖြစ်စဉ်အတွက် အထောက်အပံ့ဖြစ်စေသောကြောင့် အပင်၏ ကြီးထွားနှုန်းကို တိုးစေသည်။

    ၇။ ပုံမှန်အနေအထားတွင် တခြား မြေသြဇာမျိုးစုံ သုံးပါသော်လဲ ထိရောက်အတိုင်းအတာ နည်းပါးပြီး မြေဖုံးထားခြင်းက အမြစ်က ပုံမှန်ထက် များစွာစုပ်ယူနိုင်သောကြောင့် များစွာ အကျိုးဖြစ်ထွန်းစေသည်။

    ၈။ မြေဖုံးခြင်းသည် အပူစီးကူးထွက်သွားခြင်းကို ဟန့်တားစေသော အပူကာ (Insulation) သဘော ရှိသောကြောင့် ဝန်းကျင်ဥတုကြောင့် အလွန်အမင်း အပူအအေး မမျှတခြင်းကို ထိန်းသိမ်းထားပေးနိုင်သည်။ ထိုသို့ အလွန်အမင်း အပူအအေး မမျှတခြင်းသည် အပင်၏ ဇီဝကမ္မ ဖြစ်စဉ်ကို ထိခိုက်စေနိုင်သောကြောင့် မြေဖုံးထားခြင်းဖြင့် ထိုသို့ ဆိုးရွားမှုမှ ကာကွယ်ပေးသည်။

    ၉။ မြေဖုံးရာမှ ဆွေးမြေ့သွားသောအခါ ထွက်ပေါ်လာသော် အောက်ဇင်၊ ဂျစ်ဘရယ်လင် ဓာတ်များက အစေ့အညှောင့် ပေါက်စေခြင်း၊ အပင်များ ကြီးထွားဖွံ့ဖြိုးစေခြင်းတို့ကို အထောက်အပံ့ ဖြစ်စေသည်။

    ၁၀။ ထိုသို့ မြေဖုံးခြင်းဖြင့် ရရှိသော အကျိုးထူးတရပ်မှာ ပေါင်းပေါက်သက်သာစေခြင်းဖြစ်သည်။ မြေဖုံးခြင်းမှ ဆွေးမြေ့သောအခါ ထိုမြေဖုံးသော အရာမှပင် အပင်အတွက် အဟာရဓာတ်ကို ပေးစွမ်းသည်။

    ၁၁။ စိုက်ပျိုးရေးသမားတိုင်း နားလည်ထားသည်မှာ အပင်အပေါ်ပိုင်း မည်မျှနေပူပူ အပင်ခြေ တဝိုက် မြေဖုံးပေးခြင်းဖြင့် ထိုအပူဒဏ်ကို ခံနိုင်သည်။ နောက် အပင်များ၏ အာဟာရမှာ အပင်များပင်ဖြစ်သည် ဆိုသော အဆိုအရ အပင်များ အောက်ခြေ၌ အပင်များ ပုံထားပေးခြင်းသည် အပင်များကို အစာကျွေးခြင်းတရပ်ဖြစ်သည်။

    ကိုးကား - ဦးဖရက်သိန်းဖေ ၏ စိုက်ပျိုးရေးသယံဇာတများနှင့် အခြားစိုက်ပျိုးရေး ဆောင်းပါးများ

    မူရင်းရေးသားသူအား crd ပေးအပ်ပါသည်။

    #ဒါကြောင့် မိမိစပါးခင်းမှ ထွက်ရှိသည့် ကောက်ရိုးများကို မီးရှို့မည့်အစား ထိုသို့မြေဖုံးပေးခြင်းဖြင့် အကျိုးရှိရှိအသုံးချနိုင်ပါသည်။


likes
15
comments
0
views
1277