ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ဧရာဝတီတိုင်းဒေသကြီးတွင် မတ်လ ၁ရက်နေ့မှ ၇ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ ရာသီဥတုကြည်ကြည်လင်လင်သာသာယာယာရှိနေစေပါလိမ့်မယ်။ - ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့... - • လက်ရှိ နှံစုပ်ဂျပိုးကျလာတာတွေ့လာရသောကြောင့် နှံစုပ်ဂျပိုးနဲ့ပတ်သတ်ပြီး ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ - • စိုက်ခင်းထဲတွင် နှံစုပ်ဂျပိုးအကောင်ကြီး ၅ ကောင်လောက်တွေ့ရင်စတင်ဆေးဖျန်းသင့်ပါြပီ။ - • အရွက်အပေါ်မျက်နှာပြင်ပေါ်မှာ တန်းစီပြီးအုထားတဲ့ ဂျပိုးဥများတွေ့ပါက သေချာပေါက်လက်နဲ့ကောက်ယူပြီး အိတ်ထဲထည့်လာပါ။ - • နှံစုပ်ဂျပိုးက နေ့လည်ဘက်မှာ စပါးပင်ခြေ၊ အောက်မျက်နှာပြင်မှာခိုအောင်းနေတတ်ပါတယ်။ - • မနက်ခင်းနေရောင်ခြည်မထွက်ခင် အပင်၊ အနှံကိုစုပ်ယူဖျက်ဆီးပြီး ညနေဘက်မှာ မိတ်လိုက်ပါတယ်။ - • ဒါကြောင့် ဓာတုဆေးအနေနဲ့ Acetamiprid, Profenofos, Indoxacarb တို့လိုဆေးမျိုးကိုမနက်ခင်းပိုင်းဖျန်းပေးပါ။ - • ဓာတုဆေးအသုံးမပြုလိုပါက ဝါလုံးရှည်ထိပ်တွင် အဝတ်စပတ်ပြီး သားငါးဆေးကြောထားသောအရည်တို့ကိုလောင်းချပြီး စိုက်ခင်းထဲတွင်ထောင်ထားခြင်းဖြင့် နှံစုပ်ဂျပိုးကိုထောင်ဖမ်းနိုင်ပါတယ်။ - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - • ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- - • ရောက်နှောမွေးမြူစနစ်ဖြင့် တစ်ဝက်တစ်ပြတ်ကန်ဖော်ပြီးနောက် ဆက်လက်မွေးမြူတဲ့ ငါးကန် သမားများအနေဖြင့် ကန်ရေလှယ်ပေးရန်၊ - • မိုးရွာသွန်းမှုမရှိချိန် ကန်ရေချဉ်ဖန်နှုန်းတက်လာနိုင်တဲ့အတွက် တစ်ဧက ပုလဲ ၆ ပိဿာခန့်ထည့်ပေးရန်၊ - • ငါးအနီစက်ရောဂါကဲ့သို့သော ဘက်တီရီးယားရောဂါများကျရောက်နိုင်တဲ့အတွက် တစ်ဧက လျှင် ထုံး ၁၅ ပိဿာနဲ့ ဆား ၁၅ ပိဿာထည့်ပေးရန်၊ - • မျိုးငါးများ ကျန်းမာစေရန် အစာထဲ၌ ဗိုက်တာမင်စီထည့် ကျွေးပေးရန်၊ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
