cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
တောင်သူကြီးများကြက်သွန်စိုက်ခင်းတွေမှာ လှေးပိုးအန္တရာယ်ကြုံတွေ့နေရပြီဆိုရင်
  • ၂၀၂၅ မတ်လ ၁ ရက်နေ့မှ ၁၀ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတု ကောင်းမွန်ကြည်လင်သာယာစေနိုင်ပါတယ်။

    Source: Su Su San

    ရှမ်းပြည်နယ်အတွင်းရှိ ကြက်သွန်စိုက်တောင်သူများထံသို့စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက်

    တောင်သူကြီးများကြက်သွန်စိုက်ခင်းတွေမှာ လှေးပိုးအန္တရာယ်ကြုံတွေ့နေရပြီဆိုရင်

    • စိုက်ခင်းအပူချိန်မြင့်ရင် လှေးပိုးပွားများနှုန်းမြန်တာကြောင့် စိုက်ခင်းအစိုဓာတ်ကိုချိန်ညှိပေးပါ။

    • အပင်အပေါ်မှ ရေဖျန်းစနစ်ဖြင့်ရေပေးပါ။

    • ကြက်သွန်ဘောင်မြေကြီးကို ကောက်ရိုးများအသုံးပြု၍ ဖုံးအုပ်စိုက်ပျိုးပါ။

    • နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးတွေ အလွန်အကျွံမသုံးပါနဲ့။

    • အပြာရောင်ပိုးကပ်ထောင်ချောက် (Blue Sticky Trap) များအသုံးပြုပါ။

    • ဓာတု‌ဆေးအနေနဲ့ Fipronil, Acetamiprid, Spinosad တို့လိုဆေးမျိုး တစ်လှည့်စီအသုံးပြုနိုင်ပါတယ်။

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်

    - ဘက်တီးရီးယားပေါက်ပွားချိန်ဖြစ်၍ ငါးများရောဂါမကျအောင် ကြိုတင်ကာကွယ်ရန်၊

    - အမိုးနီးယား အဆိပ်အတောက်မဖြစ်စေရန် အစာကို လိုအပ်သလောက်သာကျွေးရန်၊

    - အနွေးဓါတ်ဝင်ချိန် နံနက် ၉:ဝဝ နာရီမှ ညနေ ၃:ဝဝ အတွင်းသာ အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊

    - ငါးရဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိသာ အစာကျွေးရန်၊

    - အေးတဲ့ရာသီဥတုမှာ ငါးတွေ စိတ်ဖိစီးမှုလျော့စေဖို့နဲ့ ခုခံအားတက်စေဖို့ ဗိုက်တာမင်စီကို အစာနဲ့ ရောကျွေးရန်၊

    --------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
2
comments
0
views
3256