cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကူးစက်လွယ်သော အသည်းရောင်အသားဝါ (အေ)ရောဂါ ကြိုတင်ကာကွယ်ဖို့ သတိပေးချက်ထုတ်ပြန်

. သတင်းစုံ
အသည်းရောင်အသားဝါ (အေ)ရောဂါဟာ အလွယ်တကူ ကူးစက်တတ်တဲ့အတွက် ကပ်ရောဂါအသွင်လည်းဖြစ်ပွားနိုင်တာကြောင့် ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
  • အသည်းရောင်အသားဝါ (အေ)ရောဂါဟာ အလွယ်တကူ ကူးစက်တတ်တဲ့အတွက် ကပ်ရောဂါအသွင်လည်းဖြစ်ပွားနိုင်တာကြောင့် ကြိုတင်ကာကွယ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

    အဆိုပါ ရောဂါဟာ အသည်းရောင်အသားဝါဗိုင်းရပ်စ် (အေ)ရောဂါပိုးကြောင့် အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးများတွင် ပိုမိုဖြစ်ပွားတတ်ကြောင်း သိရပါတယ်။

    အဆိုပါ ရောဂါသည် ရောဂါပိုးရှိသူခန္ဓာကိုယ်မှထွက်သော အညစ်အကြေးများပါရှိနေသည့် မသန့်ရှင်းသော အစား အသောက်များကိုစားသောက်မိခြင်း၊ အသည်းရောင်အသားဝါ(အေ) ရောဂါပိုးရှိသူလူနာနှင့် အနီးကပ်ထိတွေ့ခြင်း၊ ပြုစုခြင်းတို့ဖြင့် ကူးစက်ဖြစ်ပွားနိုင်ကြောင်းလည်း သတိပေးထားပါတယ်။

    ရောဂါကူးစက်ဖြစ်ပွားပါက ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်းနှင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်းတို့ဖြစ်ပေါ်ပြီး ပြင်းထန်စွာအသည်းရောင်ပါက ရုတ်တရက်အသည်းပျက်စီး၍ အသက်အန္တရာယ်ထိခိုက်နိုင်သည့် ရောဂါဖြစ်ကြောင်းလည်း သိရပါတယ်။

    ထို့ပြင် အသည်းရောင်အသားဝါ(ဘီ) (သို့) (စီ) ရောဂါပိုးရှိသူများ၊ အိပ်ခ်ျအိုင်ဗွီပိုးရှိသူများတွင် ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာခံစားရနိုင်ကြောင်း၊ အဆိုပါ ရောဂါမဖြစ်ပွားစေရန် တစ်ကိုယ်ရေသန့်ရှင်းရေးသတိပြုရမည်ဖြစ်ကာ လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောခြင်းအား အစားအစာများကိုမကိုင်တွယ်မီ၊ မချက်ပြုတ်မီ၊ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း ပြုလုပ်ပေးရမည်ဖြစ်ပြီး အစားအစာများအား မချက်ပြုတ်မီ သန့်ရှင်းသော ရေဖြင့် စင်ကြယ်စွာဆေးကြောရမည်ဖြစ်ကာ ဆူပွက်သည်အထိကျိုချက်ထားသည့်ရေ (သို့) ရေသန့်စင်ဆေးပြား အသုံးပြု သန့်စင်ထားသည့်ရေ (သို့) FDA အသိအမှတ်ပြုရေသန့်ကို သောက်သုံးရန်လည်း သတိပေးထားပါတယ်။

    ထို့အတူ အစားအစာများအား အစိမ်းစားသုံးခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်ပြီး ယင်နားစာများကို စားသုံးခြင်းတို့ကိုလည်း ရှောင်ကြဉ်ရန်၊ အိမ်သာနှင့် မိလ္လာကန်များ ယိုစိမ့်မှုမရှိစေရေး သတိပြု၍ ယင်လုံအိမ်သာသုံးစွဲရန်၊ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါပြီးနောက် အနည်းဆုံး(၁၀)ရက်ကြာသည်အထိ အစားအသောက်ကိုင်တွယ်ရောင်းချခြင်းအား ရပ်နားထားရမည်ဖြစ်ပြီး ဖျားခြင်း၊အရေပြားနှင့် မျက်သားဝါခြင်းစသည့် အသည်းရောင်အသားဝါ(အေ) ရောဂါလက္ခဏာများဖြစ်ပေါ်လာပါကလည်း နီးစပ်ရာ ကျန်းမာရေးဌာနသို့အမြန်ဆုံးသွားရောက်ပြသရမည်ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သတိပေးချက်တွင် ဖော်ပြထားပါတယ်။

    MyanmarFutureNews မှ ကူးယူဖော်ပြပါသည်။

    Photo – Internet

    -----

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
10
comments
0
views
1516