cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
လက်ရှိရာသီဥတု အခြေနေအရ မန္တလေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်တောင်သူများ မှည့်ပြောက်စွန်းရောဂါကျရောက်နိုင်ပါတယ်။
  • ၂၀၂၅ မေလ ၅ ရက်နေ့မှ ၁၂ရက် နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိဘဲ ပုံမှန် ရာသီဥတုဖြစ်ပါမယ်။ Heatwave မရှိပါ။ လေရူးပွေခြင်း ကြောင့် မီးသတိပြုကြပါ။ 

    Weather Source: Su Su San 

    လက်ရှိရာသီဥတု အခြေနေအရ မန္တလေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်တောင်သူများ မှည့်ပြောက်စွန်းရောဂါကျရောက်နိုင်ပါတယ်။ 

    ငရုတ်မှည့်ပြောက်စွန်းရောဂါကာကွယ်နှိမ်နင်းဖို့အတွက် 

    • မျိုးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးပါ 
    • ပလပ်စတစ်နှင့် အပင်ခြေမြေကြီးကို ဖုံးအုတ်စိုက်ပျိုးပါ 
    • စိုက်ခင်းအား ပိုးမွှားရောဂါကျရောက်မှုအခြေနေအား ပုံမှန်စစ်ဆေးပါ 
    • ရောဂါကျ အပင်အစိတ်ပိုင်းကို ညှပ်ထုတ်ဖယ်ရှားပါ 
    • စိုးစိုးရွားရွားရောဂါကျနေသောအပင်ကို နှုတ်ယူဖျက်စီးပါ 
    • လက်ခံပင်မဟုတ်သောသီးနှံနှင့် ၂-၃ နှစ်လောက် သီးလှည့်စိုက်ပျိုးပါ 
    • Propiconazole, Hexaconazole, Chlorothalonil, Thiophanate-methyl စတဲ့မှိုသတ်ဆေးများအသုံးပြု နိုင်ပါတယ်။  

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ရာသီဥတု ပူနွေးစပြုလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။  

    🐟 ရေအပူအချိန် မြင့်တက်လာနိုင်သည့်အတွက် အရိပ်များ ဆောင်ရွက်ထားရန်၊  

    🐟 ငါး/ပုဇွန်များ အပူရှပ်နိုင်သဖြင့် ကန်အတွင်း ဗေဒါကဲ့သို့သော နားခိုရာအပင်များ ဖန်တီးပေးရန်၊  

    🐟 တစ်နှစ်ပတ်လုံးမွေးမြူသည့် ငါးကန်များအတွက် အရံကန်များ ပြင်ဆင်ထားရန်၊  

    🐟 ရေချဉ်ဖန်နှုန်းမြင့်လာနိုင်သည့်အတွက် မကြာခဏစစ်ဆေးပေးရန်၊  

    🐟 ရေချဉ်ဖန်နှုန်းမြင့်လာပါက ရှာလကာရှည်ထည့်ပေးရန်၊  

    Weather Source: CIAT  

    ------------------  

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက  

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download  

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
5
comments
0
views
3721