cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ရာသီတိုင်းဆစ်ပိုး ကျတတ်ပါက တစ်ရာသီပြီးလို့ စပါးသိမ်းပြီးရင် ရိုးပြတ်ပင်ကြွင်းပင်ကျန်များကို သေချာရှင်းဖို့လိုပါတယ်။
  • ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၂၅ မတ်လ ၆ ရက်နေ့မှ ၁၅ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ အလားအလာမရှိပါဘူး။ ရာသီဥတုကောင်းမွန်ကြည်လင်သာယာစေနိုင်ပါတယ်။

    Weather Source: Su Su San

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    ·      ရာသီတိုင်းဆစ်ပိုး ကျတတ်ပါက တစ်ရာသီပြီးလို့ စပါးသိမ်းပြီးရင် ရိုးပြတ်ပင်ကြွင်းပင်ကျန်များကို သေချာရှင်းဖို့လိုပါတယ်။

    ·      ဆစ်ပိုးက ပင်ကြွင်းပင်ကျန်ထဲမှာ ၃-၄ လထိရုပ်ဖုံးပြုလုပ်ပြီး ခိုအောင်းနေနိုင်ပါတယ်။

    ·      ကောက်ကွပ်စိပ်စိပ်မစိုက်ပါနဲ့၊ လိုအပ်ရင် နွေထယ်ရေးခံပါ။

    ·      စပါးမျိုး တစ်မျိုးတည်းကို ဆက်တိုက်မစိုက်ပါနဲ့။

    ·      ပုလဲယူရီးယားအလွန်အကျွံမထည့်ပါနဲ့။

    ·      ဆစ်ပိုးကျခဲ့ဖူးတဲ့ စိုက်ခင်းကို Fipronil ကိုမြေအောင်းပိုးသတ်ဆေးအဖြစ်ထည့်ပေးပါ။

    ·      ဆစ်ပိုးကျပါက အသုံးပြုနိုင်သောဓာတုဆေးများ- Profenofos+ Lufenuron/ Emamectin benzoate+ Chlorantraniliprole / Monosultap/ Cartap hydrochloride 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ယခုအချိန်ကာလတွင် ငါးမွေးတောင်သူအချို့သည် ငါးဖမ်းခြင်း ဆောင်ရွက်ကြပါသည်။ အရောင်အသွေးမကောင်းခြင်း နှင့် ငါးအနည်းငယ် နာနေခြင်းတို့ကြောင့် သတ်မှတ်ဈေးမရရှိဘဲ ဈေးနည်း ရရှိပြီး ဝင်ငွေကျဆင်းတတ်ပါသည်။ ထို့ကြောင့် မိမိတို့ထုတ်ကုန်များ တန်ဖိုး မကျစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-

    ၁။ကန်အတွင်းမှ ငါးဖမ်းဆီးရာတွင် အချိန်ပါက ပိုက်အတွင်း ငါးများကြာရှည်စွာ နေရသဖြင့် ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း နှင့် ရွံနွံများ ငါးကိုယ်အတွင်းရောက်ရှိနိုင်ပါ သည်။ ထို့နောက် ငါးဖမ်းဆီးချိန်ကို လူအားသုံးပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရန် အကြံပြုအပ်ပါသည်။

    ၂။ဖမ်းဆီးရမိသော ငါးများကို သယ်ယူရာတွင် ပုံးနှင့် ခြင်းတောင်းအတွင်း ချောင်ချိစွာထားပြီး သယ်ယူပါ။

    ၄။ ဖမ်းမိသော ငါးများကို အရောင်းဌာနသို့ပို့ရန်အတွက် ရေခဲ မရိုက်မှီ ငါးများကို စင်ကြယ်စွာရေချို နှင့်ဆေးကြော ပေးပါ။ ထို့နောက် ရေစစ်ပြီး နေမပူစေရန် ဖုံးအုပ်ထားပါ။

    ၅။ ငါးများချိန်တွယ်ပြီး ငါးများမပုတ်မသိုးစေရန် ရေခဲရိုက်ရပါမည်။ သို့မှသာ ငါးများလတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ပါသည်။

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
9
comments
1
views
4469