ခရမ်းသီးမီးဖုတ်သုပ်
ခရမ်းသီးဟာ ဗီတာမင်နှင့် အမျှဉ်ဓာတ်တွေ များစွာပါဝင်ပါတယ်။
ကိုယ်တွင်း အဆိပ်အတောက်တွေဖယ်ရှားပေးပြီး နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးလို့ ဆီးချိုသမားများအတွက်သင့်တော်တဲ့ အစားအစာ တစ်မျိုးပါ။
ဒီလိုအားသာချက်တွေများစွာရှိတာကြောင့် ထွက်တိုးတောင်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရသာရှိတဲ့ ခရမ်းသီးမီးဖုတ်သုပ်နည်းကိုဖော်ပေးလိုက်ပါတယ်။
ခရမ်းသီးအရှည်မျိုး.........၂လုံး
ကြက်သွန်နီ....................၂လုံး
ကြက်သွန်ဖြူ..................၅တက်
ငရုတ်သီးစိမ်း.. ...............၃တောင့်
နံနံပင်.............................၃ပင်ခန့်
ကြက်သွန်မြိတ်……………၃ပင်
ခရမ်းသီးကိုရေဆေးသန့်စင်ပြီး..မီးအေးအေးမှာဇကာလေးခံပြီးလှည့်ကင်ပေးပါ။
ကြက်သွန်နီ တစ်လုံးနှင့်ကြက်သွန်ဖြူကိုနနွင်းလေးမနည်းငယ်နှင့်ဆီချက် ချက်ထားပါ။
ကျန်တဲ့ကြက်သွန်နီ၁လုံးနံနံပင်နှင့်ငရုတ်သီးစိမ်းတို့ကိုပါးပါးလှီးပါ။
ကြက်သွန်မြိတ်ကိုတော့အလှဆင်ရင်ခပ်စောင်းစောင်းလှီးပေးပါ။
မီးဖုတ်ထားတဲ့ခရမ်းသီးကိုမိမိနှစ်သက်သလိုအရွယ်တော်အတုံးငယ်လေးများတုံးပြီးကြက်သွန်နီစိမ်း၊ငရုတ်သီးစိမ်း၊နံနံပင်၊ဆီချက်နှင့်အရသာထည့်ကာသမသွားအောင်နယ်ပေးပါ။
ကြက်သွန်မြိတ်လေးအလှဆင်ပြီးသုံးဆောင်ပါ။
Resource : Asia Shwe Gabar Myae (Blog)
------------
'ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350
အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857