တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- (၃. ၃. ၂၀၂၅ မှ ၇.၃ ၂၀၂၅) - ဆန်၊စပါး - ဆန်၊ စပါးစျေးကွက်ကတော့ စျေးကျနေဆဲ ဖြစ်ပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဧည့်မထ၊ ငစိန် ဆန်ကြမ်းအုပ်စုဝင်ဆန်တွေနဲ့ ပြည်တွင်းစားသုံးတဲ့ ဆန်အမျိုးအစားတွေ စျေးကျလာတာဖြစ်ပါတယ်။ ဆန် ၂၄ ပြည်တစ်အိတ်ကို ၅၀၀၀ ကနေ ၁၀၀၀၀ အကြား စျေးကျလာတာဖြစ်ပါတယ်။ - ကျန်တဲ့ မကွေးတိုင်းက ထွက်တဲ့ ဧရာပဒေသာ၊ ဧရာမင်း နဲ့ စစ်ကိုင်းထွက်ရွှေဘိုပေါ်ဆန်း ဆန် အမျိုးအစားတွေကတော့ စျေးကျတာမရှိပါဘူး။ - စပါးစျေးကလည်း ယခုနှစ်မိုးစပါးအသစ်က တင်း ၁၀၀ ကို သိန်း ၂၀ ကျပ်အောက်အထိ စျေးကျနေပါတယ်။ နွေစပါးစျေးကွက်ကလည်း တင်း ၁၀၀ ကို ၁၃ သိန်းခွဲကနေ ၁၅ သိန်း ၅၀၀၀၀ လောက်အထိသာ ရှိနေတယ်လို့သိရပါတယ်။ - မတ်ပဲ - မတ်ပဲကတော့ ယခုတစ်ပတ်မှာ တစ်တန်ကို ကျပ် သိန်း ၃၀ ကျော်အထိ ဈေးတန်းတက်လာပါတယ်။ - အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့ မတ်ပဲ တင်သွင်းခွင့်က မတ်လကုန်ရင် သက်တမ်းကုန်မှာဖြစ်လို့ ကုန်သည်တွေကအခြေအနေကို စောင့်ကြည့်ပြီး မတ်ပဲဝယ်ယူနေကြပါတယ်။ - မတ်ပဲအသစ်တွေလည်း စျေးကွက်ထဲဝင်ရောက်မှုများနေလို့ စျေးကွက်အေးနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၀၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၁၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၄၇၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၃၀၅၇၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၄၈၀၀၀ ကျပ်ရှိပါတယ်။ တစ်တန်ကို ၄၀၀၀၀ ကျော်လောက် ထပ်အတက်ပြလာပါတယ်။ - မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၇၀၀၀၀ မှ ၂၇၈၀၀၀ ကျပ်ရှိပါတယ်။ - ပဲစဉ်းငုံ - ပဲစဉ်းငုံကလည်း အခုအပတ်မှာ ဈေးတန်းပြန်တက်လာတာတွေ့ရပါတယ်။ တစ်တန်ကို အမြင့်ဆုံး ၃၀၅၅၀၀၀ ကျပ်အထိရှိခဲ့တာဖြစ်ပါတယ်။ - ပဲစဉ်းငုံကို အိန္ဒိယက အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုထားတဲ့အတွက် စျေးတန်းက ဒီထက်အများကြီးကျဆင်းနိုင်မယ့် အခြေအနေတော့ မရှိနိုင်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ - ပြည်တွင်းမှာတော့ လှောင်လက်သမားတွေအဝယ်ရှိလို့ အရောင်းအဝယ်သွက်နေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၃၀၂၅၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၅၀၀၀၀ ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၅၅၀၀၀ ကျပ်၊ ကြာသပတေးနေ့က ၃၀၅၅၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၃၃၀၀၀ ကျပ်ရှိတာကြောင့် တစ်ပတ်အတွင်း ၅၀၀၀၀ ကျပ်လောက် အတက်အကျရှိခဲ့ပါတယ်။ - အရင်အပတ်သောကြာဈေးနဲ့ အခုအပတ်သောကြာနေ့ဈေးကွက် ယှဉ်ရင် ၄၀၀၀၀ လောက် တက်လာပါတယ်။ - မန္တလေးဈေးကွက်မှာ ပဲစဉ်းငုံနီက ပိဿာ ၆၀ ကို၂၈၅၀၀၀ မှ ၂၈၆၀၀၀ ကျပ်ရှိပြီး ၃၀၀၀ ကျပ်တက်လာပါတယ်။ - ခရမ်းချဥ် - ခရမ်းချဥ်သီးကတော့ စျေးဆက်တိုက် ကျလာပြီး လက်ကားစျေးကွက်မှာတင် တစ်ပိဿာကို ၁၀၀၀ ကျပ်သာရှိပါတယ်။ - ရှမ်းပြည်နယ်အပြင် အခြားဒေသတွေမှာပါ ခရမ်းချဥ်သီးတွေ အထွက်များပြီး စျေးကွက်ထဲ ဝင်ရောက်မှုများနေတာကြောင့် စျေးကျဆင်းနေတာဖြစ်ပါတယ်။ - ရှမ်းပြည်နယ်အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ခရမ်းချဥ်သီး ဂွတ်သီးတစ်ပိဿာကို ၁၀၀၀ ကျပ်၊ခရမ်းချဥ်သီး ရှယ်သီးကတစ်ပိဿာကို ၈၀၀ ကျပ်နဲ့ခရမ်းချဥ်သီးအသေး တစ်ပိဿာကို ၆၀၀ ကျပ်သာရှိပါတယ်။ - ဂျင်း - ဂျင်းတက်ကတော့ ပြည်ပတင်ပို့မှုမရှိတဲ့အတွက်ကြောင့် စျေးမတက်ဘဲ အကျစျေးမှာဘဲ ငြိမ်နေပါတယ်။ - လက်ရှိမှာ ဂျင်းတက်က ပြည်တွင်း စားသုံးမှုသာရှိပါတယ်။ ရှမ်းပြည်အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းတက်စျေးက မြေနီဂျင်းအကြီး တစ်ပိဿာကိုမှ ၃၀၀၀ ကျပ်၊ ဂျင်းမြေနီအခက်အလတ် တစ်ပိဿာကို ၂၅၀၀ ကျပ် စျေးရှိပါတယ်။ - (AMIA) - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
