cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်တိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
အနှံထွက်မစုံသေးသောစိုက်ခင်းမြေဩဇာထပ်မံကြဲပက်လိုပါက ပိုတက်ရှ်မြေဩဇာ (K) ကို တစ်ကြိမ်ထပ်မံလိုက်ပေးနိုင်ပါတယ်။
  • ၂၀၂၅ မတ်လ ၁၂ရက်နေ့မှ ၁၉ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ နေ့အပူချိန်များမြင့်တက်လာနိုင်ပါတယ်။ 

    Weather Source: Su Su San 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    • စပါးအနှံထွက်အကုန်မစုံခင်ဖြုတ်ပိုးကျပါက Buprofezin + Dinotefuran ကိုရွေးချယ်ပါ။ 
    • ထိုသို့မဟုတ်ဘဲ စပါးရင့်မှည့်ချိန်ရောက်ပြီး သိမ်းခါနီးဆိုပါက ဆေးဖျန်းရန်မလိုတော့ပါ။ 
    • အနှံထွက်မစုံသေးသောစိုက်ခင်းမြေဩဇာထပ်မံကြဲပက်လိုပါက ပိုတက်ရှ်မြေဩဇာ (K) ကို တစ်ကြိမ်ထပ်မံလိုက်ပေးနိုင်ပါတယ်။ 
    • ရိတ်သိမ်းတော့မည့်စိုက်ခင်းများအနေဖြင့် မရိတ်သိမ်းခင် ၃-၄ ရက်ကြိုတင်ပြီး ရေဖြတ်ထားနိုင်ပါတယ်။ 
    • ရိတ်သိမ်းချိန်အနေဖြင့် အနှံထွက်ပြီး ၂၈ ရက်မှ ၃၅ ရက်သား၊ စပါးနှံများရှိ စပါးစေ့များ၏ ၈၀ မှ ၈၅ ရာခိုင်နှုန်း ကောက်ရိုးရောင်ဖြစ်ပေါ်ချိန်တွင် ရိတ်သိမ်းရန် အကြံပြုလိုက်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ငါးကန်တွေမှာ ဆားကို ဘာကြောင့်သုံးသင့်လဲဆိုတာကို အကြံပြု ဆွေးနွေးလိုပါတယ်ခင်ဗျာ-  

    ငါးကန်တွေမှာ ဆားကို သုံးရတဲ့အကြောင်းအရင်းမှာ 

    • ငါးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း 
    • အဆိပ်အတောက် ဖယ်ရှားခြင်း၊ 
    • ကပ်ပါးပိုးတွေ သေစေခြင်း 
    • နိုက်ထရိုက်အဆိပ်အတောက်ကို လျော့ချပေးခြင်း 
    • ငါးရဲ့အရေပြားမှ အကျိအချွဲထုတ်လုပ်မှုကောင်းစေခြင်း 
    • ရေမှာ ကြာရှည်စွာပျော်ဝင်တည်ရှိနေနိုင်ခြင်း 
    • ကန်ရေသန့်တဲ့စနစ်အပေါ် ထိခိုက်မှုမရှိခြင်း 

    ငါးကန်တွင် ဆားအသုံးပြုနည်းနဲ့ပတ်သတ်ပြီး အကြံဉာဏ် ရယူလိုပါက ထွက်တိုးကောစင် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
4740