မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ မတ်လ ၁၃ရက်နေ့မှ ၂၀ရက်နေ့အတွင်း နေ့အပူချိန်များမြင့်တက်လာနိုင်ပြီး ပူပြင်းခြောက်သွေ့စေနိုင်ပါတယ်။ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။
Weather Source: Su Su San
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
လက်ရှိ ရာသီဥတုအခြေနေအရ မကွေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများ တောက်တဲ့မြီးရောဂါကျရောက်နိုင်ပါတယ်။
တောက်တဲ့မြီးရောဂါကျရောက်ပြီဆိုရင်တော့
နိုက်ထရိုဂျင်ရွက်ဖျန်းအားဆေးတွေအလွန်အကျွံ မဖျန်းပါနဲ့။
စိုက်ခင်းအတွင်း အစိုဓါတ်ကိုလျှော့ချပါ။
ကြက်သွန်ခင်း ရေမဝပ်ပါစေနဲ့။
ရောဂါကျ အခင်းမှ ပင်ကြွင်း ပင်ကျန်များကို စုပုံ၍ မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း ပြုလုပ်ပါ။
ဓါတုဆေးအနေနဲ့ အဇိုဆီစတိုဘင်၊ ဒိုင်ဖန်နိုကိုနာဇိုး၊ ပရိုပီကိုနာဇိုးကို အသုံးပြုနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။
- ရာသီဥတုပူလာသဖြင့် အပူချိန်ရုတ်တရက်ပြောင်းလဲသွားခြင်း(Shock)မဖြစ်စေရန် ဂရုပြုရန်၊
- ငါးရောဂါများ (ဥပမာ- ငါးအနီစက်ရောဂါ)ကျနိုင်သဖြင့် ဂရုစိုက်ရန်၊
- ငါးသားဖောက်ကန်များ အစာကို အလေးထားကျွေးရန်၊
- ရေချဉ်ဖန်နှုန်းစစ်ဆေးပေးရန်၊
- အမိုးနီးယားပမာဏကို စစ်ဆေးပေးရန်၊
ငါးကန်မွေးမြူရေးနဲ့ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ထွက်တိုးကောစင် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437