cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲတီစိမ်း အရောင်းအဝယ်အေးပြီး စျေးငြိမ်နေ

. သတင်းစုံ
ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်းနှုန်းအထိ အဓိက ဝယ်ယူလျှက်ရှိပြီး တရုတ်နိုင်ငံ၏ ပဲတီစိမ်း တင်သွင်းသည့် ပမာဏ အရင်နှစ်ထက် တန်ချိန် တိုးလာနိုင်တာကြောင့် နောက်ပိုင်း မြန်မာ့ပဲတီစိမ်း စျေးကွက်အတွက် အလားအလာကောင်း နိုင်ကြောင်းလည်း သုံးသပ်ကြသည်။
  • ပြည်ပဝယ်လိုအားနည်း၍ ပဲတီစိမ်းစျေးကွက် အရောင်း အဝယ်အေးပြီး စျေးငြိမ်နေကြောင်း ပဲကုန်သည် အချို့ထံမှ သိရသည်။

    ထိုကဲ့သို့ စျေးငြိမ်နေသည်မှာ တစ်လနီးပါးရှိနေပြီ ဖြစ်ကြောင်း ကုန်စည်ဒိုင်းများထံမှ သိရသည်။ 

    “ ပဲတီစိမ်းနယ်စျေးကွက် ပုံမှန်ပါပဲ။ တစ်ပတ်ထဲမှာ ဘဏ်ပိတ်ရက် ၅ ရက် ဆက်တိုက်ရှိတော့ နယ်စျေးကွက် အေးပြီး အကျဘက်ကို ဦးတည်နိုင်တယ်။ ငွေကြပ်မှာစိုးလို့ ကြိုရောင်းထားတာတွေ၊ ငွေ အကုန်ထုတ်ဖို့ အခက်အခဲ ရှိနိုင်တယ်။ “ ဟု ပဲကုန်သည် တစ်ဦး သုံးသပ်ပြောထားသည်။

    မန္တလေးကုန်စည်ဒိုင်စျေးနှုန်းအရ မတ်လ ၁၁ ရက်နေ့က ပဲတီစိမ်း (ညာ) ၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၂၅၀၀၀၀ မှ ၂၇၅၀၀၀ ကျပ် ထိရှိပြီး ပဲတီစိမ်း ခွဲပဲ ၅၆.၂၅ပိဿာ တစ်အိတ်လျှင် ၂၅၀၀၀၀မှ ၂၅၅၀၀၀ ကျပ် အထိ ပေါက်စျေးရှိကာ ပြီးခဲ့သည့် အပတ် နှင့် ယှဉ်ပါက ပဲတီစိမ်း (ညာ)မှာ ၁၀၀၀၀ 

    ခန့်တက်လာပြီး ပဲတီစိမ်း ခွဲပဲ ၅၀၀၀ခန့် ပြန်ကျသွားကြောင်း သိရပါသည်။

    လက်ရှိကာလမှာ နေပူချိန် ပြင်းလာကာ ပဲတီစိမ်းခေါင်သီးများ အရင့်လွန်ကာ အဝါရောင် သန်းလာခြင်း၊ အရှုံ့များ ဖြစ်ပေါ်လာခြင်းတို့ ကြောင့် One colour မရှိပဲ အရည်အသွေးကျဆင်းလာကြောင်း သိရပါသည်။

    အရည်အသွေး ကျဆင်းလာပါက စျေးကွက်ကို ထိခိုက်ကာ စျေးနှုန်းကွာဟနိုင်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ မည်ဆိုပါက သေသေချာချာ စီစစ်၍ တင်ပို့သင့်ကြောင်း သိရပါသည်။

    တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် လမ်းပန်း ဆက်သွယ်ရေးအပြင် တခြားသော အခက်အခဲများ ရှိနေသောကြောင့် စျေးကွက်အေးရသည့် အကြောင်းရင်းထဲမှာပါကြောင်းလည်း သုံးသပ်ကြသည်။

    “ပဲတီစိမ်းစျေးက စျေးငြိမ်နေတယ်။ တချို့ကုန်စည်ဒိုင်တွေ တက်လဲ ၅၀၀၀ လောက်ပဲ တက်မယ်၊ ကွာမယ်။ လက်ရှိ စျေးကွက် အနေအထား အရကတော့ ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်းစျေးက စျေးငြိမ်နေတာ တစ်လ နီးပါ လောက်ရှိပြီ မန္တလေး ကုန်စည်ဒိုင်မှာတော့ စျေးပြန် တက်လာတာကို တွေ့ရတယ်။” ဟုအောင်လံမှ ပဲကုန်သည်တစ်ဦးက ပြောသည်။ 

    ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲတီစိမ်းအညာ တစ်ပိဿာလျှင် ၅၁၆၅ မှ ၅၁၈၅ ကျပ်၊ ပဲတီစိမ်း (ခရမ်း ရွေဝါ) ၊ ပဲခူး ရွှေဝါတစ်ပိဿာလျှင် ၅၅၀၀ ကျပ် နှင့် ဝါးခယ်မ FAQ တစ်ပိဿာ လျှင် ၅၂၇၀ ကျပ် ဖြင့် စျေးငြိမ်လျက်ရှိကြောင်း သိရသည်။

    ပဲတီစိမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်းနှုန်းအထိ အဓိက ဝယ်ယူလျှက်ရှိပြီး တရုတ်နိုင်ငံ၏ ပဲတီစိမ်း တင်သွင်းသည့် ပမာဏ အရင်နှစ်ထက် တန်ချိန် တိုးလာနိုင်တာကြောင့် နောက်ပိုင်း မြန်မာ့ပဲတီစိမ်း စျေးကွက်အတွက် အလားအလာကောင်း နိုင်ကြောင်းလည်း သုံးသပ်ကြသည်။

    ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်ပကို ပဲတီစိမ်း တန်ချိန် ၄ သိန်း ခန့် တင်ပို့ ထားကြောင်းလည်း ပဲနှမ်းအသင်းမှ သိရသည်။

    မြန်မာနိုင်ငံတွင် နှစ်စဉ်ပဲမျိုးစုံ စိုက် ဧက ၁၁ သန်းကျော်ရှိပြီးပဲတီစိမ်း ၂၆ ရာခိုင် နှုန်း ခန့် စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းသိရသည်။

    ဖိုးချဲ(AMIA)

    ---------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
5
comments
0
views
2343