မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း နေ့အပူချိန်များမြင့်တက်လာနိုင်ပြီး ရာသီဥတုကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။ မိုး အနှောက်အယှက်မရှိနိုင်ပါဘူး။ - ISSUED TIME - 12/03/2025 6:58am(MMT) - #တိကျမှန်ကန် - Su Su San - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - Weather Source: Su Su San - မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နှမ်းစိုက်မည့်တောင်သူများအနေနဲ့ နှမ်းရိုးမဲရောဂါကို ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ - ကာကွယ်နှိမ်နင်းနည်းတွေကတော့
- သီးလှည့်စိုက်ပါ။
- ရောဂါကျပင်ကြွင်း၊ ပင်ကျန်များကို ဖျက်ဆီးပါ။
- မျိုးစေ့များကို ဟိုမိုင်း မျိုးစေ့လူးနယ်ဆေးဖြင့် လူးနယ် စိုက်ပျိုးပါ။
- ရောဂါကျရောက်လေ့ရှိသော နေရာများတွင် ထရိုင်ဂိုဒါးမား အကျိုးပြုဇီဝမှိုဆေးများအသုံးပြုပါ။
- ဓါတုဆေးများအသုံးပြုမယ်ဆိုရင်တော့ ဘီနိုမိုင်း၊ အဇိုဆီစထရိုဘင်၊ တက်ဗျူကိုနာဇိုးလ် စသောမှိုသတ်ဆေးများသုံး၍ ကာကွယ်ကုသနိုင်ပါတယ်။
 - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - အချို့သော ငါးမွေးတောင်သူများသည် သဘာဝမြေဩဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် ငါးများတွင် ဖျဉ်းဆွဲခြင်း ရောဂါများ ကျရောက်တတ်ပါသည်။ ငါးများ၏ဝမ်းဗိုက်သည် ကြီးထွားဖောင်ပွနေပြီး ဘူဘောင်ကဲ့သို့ဖြစ်နေပါသည်။ ငါး၏ ဝမ်းဗိုက်အတွင်း အစိမ်းရောင် (သို့မဟုတ်) စိမ်းဝါရောင် အရည် များစုဝေးနေပြီး ငါးသည် ဟန်ချက်ပျက်ပြီး ရေတွင်ကောင်းစွာမကူနိုင်ပါ၊ အစာလည်း မစားနိုင်ပါ။ ဘူရိုမိုးနပ်နှင့် အေရိုမိုးနပ်ရောဂါပိုးကြောင့် ဖြစ်ပါသည်။
 - ကာကွယ်ကုသနည်းမှာ- - -တစ်ဧကလျှင် ထုံး ပိဿာ (၃၀)ထည့်ပေးပါ။
- -သဘာဝမြေဩဇာထည့်သွင်းခြင်းကိုရပ်ထားပါ။
- -အမော်စလင်၊ အယ်ရီသရိုမိုက်တင် ကဲ့သို့ ပဋိဇီဝဆေးများကို အစာ၆၃ကျပ်သားတွင် ဆေး (၂-၃) ဂရမ်နှုန်းထည့်ပြီး အစာကြွေးခြင်းကို (၇-၁၀)ရက်ခန့် ရပ်ပေးခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။
 - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
