cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
အချို့သော ငါးမွေးတောင်သူများသည် သဘာဝမြေဩဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် ငါးများတွင် ဖျဉ်းဆွဲခြင်း ရောဂါများ ကျရောက်တတ်ပါသည်။
  • ၂၀၂၅ မတ်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း နေ့အပူချိန်များမြင့်တက်လာနိုင်ပြီး ရာသီဥတုကြည်ကြည်လင်လင် သာသာယာယာရှိနေစေပါလိမ့်မယ်။ မိုး  အနှောက်အယှက်မရှိနိုင်ပါဘူး။ 

    ISSUED TIME 

    12/03/2025 6:58am(MMT) 

    #တိကျမှန်ကန် 

    Su Su San 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 

    Weather Source: Su Su San 

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် 

    • အချို့သော ငါးမွေးတောင်သူများသည် သဘာဝမြေဩဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် ငါးများတွင် ဖျဉ်းဆွဲခြင်း ရောဂါများ ကျရောက်တတ်ပါသည်။ ငါးများ၏ဝမ်းဗိုက်သည် ကြီးထွားဖောင်ပွနေပြီး ဘူဘောင်ကဲ့သို့ဖြစ်နေပါသည်။ ငါး၏ ဝမ်းဗိုက်အတွင်း အစိမ်းရောင် (သို့မဟုတ်) စိမ်းဝါရောင် အရည် များစုဝေးနေပြီး ငါးသည် ဟန်ချက်ပျက်ပြီး ရေတွင်ကောင်းစွာမကူနိုင်ပါ၊ အစာလည်း မစားနိုင်ပါ။ ဘူရိုမိုးနပ်နှင့် အေရိုမိုးနပ်ရောဂါပိုးကြောင့် ဖြစ်ပါသည်။ 

    ကာကွယ်ကုသနည်းမှာ- 

    • -တစ်ဧကလျှင် ထုံး ပိဿာ (၃၀)ထည့်ပေးပါ။ 
    • -သဘာဝမြေဩဇာထည့်သွင်းခြင်းကိုရပ်ထားပါ။ 
    • -အမော်စလင်၊ အယ်ရီသရိုမိုက်တင် ကဲ့သို့ ပဋိဇီဝဆေးများကို အစာ၆၃ကျပ်သားတွင် ဆေး (၂-၃) ဂရမ်နှုန်းထည့်ပြီး အစာကြွေးခြင်းကို (၇-၁၀)ရက်ခန့် ရပ်ပေးခြင်းဖြင့် ဆောင်ရွက်နိုင်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
0
views
3348