cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
စပါးရိတ်သိမ်းခါနီးချိန် ဖြုတ်ကျနေသောစိုက်ခင်းများအနေဖြင့် ဆေးဖျန်းတာမျိုး မလုပ်သင့်တော့ပါ။
  • ၂၀၂၅ မတ်လ ၁၈ရက်နေ့မှ ၂၀ရက်နေ့အတွင်း ဧရာဝတီတိုင်း ဒေသကြီးမှာ မိုးရွာနိုင်ပါတယ်။ လေမိုးလျှပ်စီးမိုးကြိုးသတိပြုကြပါ။ 

    ISSUED TIME 

    13/03/2025 8:31am(MMT) 

    #တိကျမှန်ကန်  

    Su Su San 

    စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    • စပါးရိတ်သိမ်းခါနီးချိန် ဖြုတ်ကျနေသောစိုက်ခင်းများအနေဖြင့် ဆေးဖျန်းတာမျိုး မလုပ်သင့်တော့ပါ။ 
    • စပါးအနှံစုံခါနီးချိန်စိုက်ခင်းများအနေနဲ့ကတော့ ရေလျှော့ပြီး Buprofezin+ Dinotefuran ကိုရွေးချယ်ဖျန်းနိုင်ပါတယ်။ 
    • စပါးပင်ငယ်စဥ်ကတည်းက ဂုတ်ကျိုးရောဂါကိုသေချာသတိမပြုမိဘဲ အနှံထွက်၊ စပါးစေ့ပေါ်တွင် ဂုတ်ကျိုးလက္ခဏာတွေ့ရတော့မှ ဆေးဖျန်းမည်ဆိုပါက နောက်ကျသွားပါပြီ။ 
    • နောက်ထပ် လက်ရှိ GW11, ဧရာ ၁၀ စိုက်တဲ့တောင်သူများစပါးမှိုသီးကျနေပါက တစ်ခါတည်းမှိုသီးကျနေသောစပါးနှံကို ချိုးပြီး အိတ်ထဲထည့်လာခဲ့ပါ။ စိုက်ခင်းထဲမှာပြန်မထားခဲ့ပါနဲ့။ 
    • မှိုသီးကျမှဆေးဖျန်းလျှင် ဆေးစက်အရှိန်ကြောင့်မှိုသီးများပိုမိုကူးစက်ပွားများမှာဖြစ်ပါတယ်။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ငါးကန်တွေမှာ ဆားကို ဘာကြောင့်သုံးသင့်လဲဆိုတာကို အကြံပြု ဆွေးနွေးလိုပါတယ်ခင်ဗျာ-   

    ငါးကန်တွေမှာ ဆားကို သုံးရတဲ့အကြောင်းအရင်းမှာ  

    • ငါးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း  
    • အဆိပ်အတောက် ဖယ်ရှားခြင်း၊  
    • ကပ်ပါးပိုးတွေ သေစေခြင်း  
    • နိုက်ထရိုက်အဆိပ်အတောက်ကို လျော့ချပေးခြင်း  
    • ငါးရဲ့အရေပြားမှ အကျိအချွဲထုတ်လုပ်မှုကောင်းစေခြင်း  
    • ရေမှာ ကြာရှည်စွာပျော်ဝင်တည်ရှိနေနိုင်ခြင်း  
    • ကန်ရေသန့်တဲ့စနစ်အပေါ် ထိခိုက်မှုမရှိခြင်း  

    ငါးကန်တွင် ဆားအသုံးပြုနည်းနဲ့ပတ်သတ်ပြီး အကြံဉာဏ် ရယူလိုပါက ထွက်တိုးကောစင် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
5929