cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်သီး ခူးဆွတ်ခြင်း၊ အခြောက်လှန်းခြင်း နှင့် သိုလှောင်ခြင်း

. ရိတ်သိမ်းချိန်လွန် နည်းပညာ
ငရုတ်သီးခူးရာတွင် သီးညှာပြတ်ကျန်ခဲ့ခြင်းကြောင့် အဆိုပါနေရာမှ မှိုဝင်ခြင်းဖြစ်နိုင်ပါတယ်၊ ဒဏ်ရာမပါစေရန် ဂရုတစိုက်ခူးပါ။ လုပ်သားများအားလေ့ကျင့်ပေးပါ။
  • ငရုတ်သည် အကြိမ်ကြိမ်ခူးဆွတ်ရတဲ့ သီးနှံဖြစ်ပါတယ်။ ဒါကြောင့်မို့ အချိန်နဲ့အမျှ မှိုရောဂါကျရောက်မှုမှ ဂရုစိုက်ဖို့တော့လိုပါတယ်။ငရုတ်သီးခူးရာတွင် သီးညှာပြတ်ကျန်ခဲ့ခြင်းကြောင့် အဆိုပါနေရာမှ မှိုဝင်ခြင်းဖြစ်နိုင်ပါတယ်၊ ဒဏ်ရာမပါစေရန် ဂရုတစိုက်ခူးပါ။ လုပ်သားများအားလေ့ကျင့်ပေးပါ။ 

    အသီးအမှည့်လွန်လျှင်မှိုကျရောက်မှုများသောကြောင့် အမှည့်မလွန်ခင် ခူးဆွတ်ပါ။ အမှည့်လွန်တဲ့အတောင့်ဟာ အခြောက်ခံချိန်မှာလည်း ဒဏ်ရာရလွယ်၊ ကျိုးလွယ်ပါတယ်။ 

    အသီးနုနှင့် အသီးမှည့်များရောခူးခြင်းနှင့် ရောနှောလှန်းရာတွင် အသီးမှည့်များ၌မှိုကျနေပါက ထိခိုက်ဒဏ်ရာများမှတဆင့် မှိုရောဂါကူးစက်ပါတယ်။ မှိုရောဂါကျနေသောအသီးတောင့်များနှင့် ရောနှော၍မထားရ၊ အခြောက်မလှမ်းရပါ။ 

    အခြောက်လှန်းခြင်းနှင့် သိုလှောင်ခြင်း 

    အရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း A. flavus မှိုဟာ ငရုတ်ပင်နှင့် အသီးတောင့်ကို စိုက်ခင်းထဲတွင်လည်းကောင်း၊ ငရုတ်သီးကို ခူးဆွတ်၊ တ်သိမ်းပြီးသည့် အချိန်တွင်လည်းကောင်း ကျရောက်နိုင်သော်လည်း၊ ငရုတ်သီးတောင့်သည် အဆိုပါမှိုကို အခြောက်လှမ်းသိုလှောင်သည့်အချိန်၌ ခံနိုင်ရည်အမဲ့ဆုံးဖြစ်သည်ဟု ဆိုနိုင်ပါတယ်။ 

    အပင်၌ရှိစဥ်က အပင်၏ရောဂါကိုခုခံသည့်ဖြစ်စဥ်ကြောင့် ခံနိုင်ရည်အတန်အသင့်ရှိခဲ့သော်လည်း ခူးဆွတ်ပြီးနောက်ပိုင်း ခုခံနိုင်စွမ်းမရှိတော့၍ ဖြစ်ပါတယ်။ ငရုတ်သီးအခြောက်တောင့်ဟာ အစိုထက် အရသာပိုရှိပါတယ်။ ငရုတ်တောင့်ကို စနစ်တကျအခြောက်လှမ်းမှသာ ရှိသင့်သည့် အစပ်၊ အရသာ၊ အနံ့နှင့် သဘာဝအချိုဓာတ်များရရှိမည်ဖြစ်ပါတယ်။ 

    ငရုတ်တောင့်ကိုနေပူတွင်အကြိမ်ပေါင်းများစွာ အခြောက်လှမ်းပါကလည်း ငရုတ်တွင်ရှိသင့်သည့် အရသာနှင့် ပူစပ်ခြင်းလျော့နည်းသွားနိုင်ပါသည်။အခြောက်မလှမ်းမီ အရောင်မမှန်သည့် အသီးတောင့်၊ ဖလံဖြူ၊ ပျော့၍ ရေစိုနာကဲ့သို့ရှိသည့် အသီးတောင့်များ၊ ရောဂါကျနေသည်ဟုထင်ရသောအသီးများအား ဖယ်ရှားပါ။ 

    ခူးဆွတ်ပြီးသည့်နောက် အသီးတောင့်တွင်ရှိသည့်အစိုဓာတ်သည် အသီးတောင့်၏ အာဟာရတန်ဖိုး၊ အရောင်၊ အစပ်နှင့် အာဖလာတော်ဆင်ဖြစ်ပွားမှုအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ 

    ခူးဆွတ်ထားသည့် ငရုတ်သီးတောင့်များတွင် အစိုဓာတ်ပါဝင်မှုမှာ (၇၀-၈၅ %)ခန့်ရှိပြီး၊ အခြောက်လှမ်းပြီးနောက် (၉-၁၂ %)ခန့် ရှိတက်ကြပါတယ်။ အဆိုပါ အသီးတောင့်အစိုဓာတ် (၉-၁၂%)မှာ အာဖလာတော်ဆင်ဖြစ်ပေါ်မှုမှ တားဆီးနိုင်ပါတယ်။ 

    အသီးတောင့်စိုထိုင်းဆ (၁၂ %) ကျော်ပါက မှိုမျှင်များစတင်ပွားများပါသည်။ (၁၂-၂၅%) ၌ မှိုပေါက်ပွားရန် အကောင်းဆုံးဖြစ်ပြီး၊ အာဖလာတော်ဆင်မှိုဆိပ်ထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ပါတယ်။ 

    ငရုတ်သီးအစိုဓာတ် (၁၂ %)ရရှိစေရန် နေရောင်ဖြင့်အခြောက်လှမ်းခြင်းကိုဆောင်ရွက်ရာတွင် အထက်အောက် မကြာခဏလှန်ပေးပါ။ 

    အောက်ခံအခင်းမှတဆင့်ဖြစ်စေ၊ လေကြောင့်ဖြစ်စေ မှိုမျိုးစေ့များကူးစက်နိုင်သေးသည်ကို သတိပြုပါ။ 

    အခြောက်လှန်းခြင်းကို မြန်ဆန်စေရန်အတွက်လည်းကောင်း၊ အချို့အသားထူသောငရုတ်သီးတောင့်များ အခြောက်မြန်စေရန်အတွက်လည်းကောင်း အခြောက်ခံစက်များကိုလည်း အသုံးပြုကြပါတယ်။ 

    Tsehaynesh T, Abdi M, Hassen S နှင့် W Taye တို့ရဲ့ ၂၀၂၁ တွင် တွေ့ရှိချက်များအရ ငရုတ်သီးတွင် အာဖလာတော်ဆင်ဖြစ်ပွားမှုမှာ စိုက်ခင်းထဲထက်(2.2 ppb)၊ သိုလှောင်ချိန် (10.7 ppb)နှင့် စျေးထဲရှိအရောင်းဆိုင်များ၌ (11.7 ppb)ပိုမြင့်မားသည်ကို တွေ့ရှိရပါသည်။ မှိုကျရောက်မှုအမြင့်မားဆုံး (26.5%) ကို ငရုတ်သီးသိုလှောင်သည့်နေရာနှင့် ရပ်ကွက်စျေးထဲတွင်ရောင်းချနေသည့်ငရုတ်တောင့်များ၌ (21.7%) တွေ့ရှိရပြီး၊ စိုက်ခင်းထဲတွင်ကျရောက်မှုမှာ အနည်းဆုံးဖြစ်၍ (17.1%) သာရှိသည်ဟုဆိုပါသည်။ 

    သိုလှောင်ရာတွင် အိတ်ဟောင်းများဖြင့်သိုလှောင်ခြင်း၊ အိတ်ဟောင်းများအား ဆေးကြောသန့်စင်မှု မပြုလုပ်ထားခြင်း၊ ယခင်ငရုတ်သီးလှန်းသည့်စင်များအား သန့်စင်မထားခြင်း စသည်တို့ကိုရှောင်ရှားပါ။ 

    သိုလှောင်သည့်နေရာကို ငှက်၊ ကြွက်များအလွယ်တကူမဝင်စေနိုင်ရန် ပြင်ဆင်ထားပါ။ အိတ်များပေါက်ပြဲပါက ထိုမှတဆင့် အစိုဓာတ်တိုးလာနိုင်သည်။ မိုးရေယိုစိမ့်မှုကြောင့် သိုလှောင်သည့်နေရာတွင် စိုထိုင်းဆမြင့်မားလာနိုင်သောကြောင့် ဂရုပြုပါ။ 

    ငရုတ်သီးအမှုန့်သည့် ရေစုပ်နိုင်ခြင်းကြောင့် ငရုတ်အသီးတောင့်ကို အမှုန့်ကြိတ်ခြင်း၊ အခြားဟင်းခတ်အမွှေးအကြိုင်များဖြင့်ရောစပ်ခြင်း စသည့်လုပ်ငန်းများကိုဆောင်ရွက်ပြီးပြီးချင်း အိတ်အတွင်းသို့အမြန်ထည့်ပါ။ 

    Najmus Sahar et al. ၏ ၂၀၁၄ ခုနှစ်တွင်ဆောင်ရွက်ခဲ့သည့် သုတေသန၌ ငရုတ်သီးမှုန့်နမူနာ (၁၁၆)ခုအား စျေးများမှစုဆောင်းပြီး ၄င်းတွင်ပါဝင်သည့် အစိုဓာတ်နှင့် အာဖလာတော်ဆင်ပါဝင်မှုဆက်နွယ်ချက်ကို လေ့လာခဲ့ပါသည်။ တွေ့ရှိချက်များအရ စျေးကွက်ထဲရှိငရုတ်သီးမှုန့်များ၏အစိုဓာတ်မှာ (9.1–19.8%)အထိ အမျိုးမျိုးဖြစ်၍၊ အစိုဓာတ်များလေလေ အာဖလာတော်ဆင်ပါဝင်မှုများလေလေဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။ 

    References - ဒေါက်တာဝဏ္ဏထွန်း 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - https://l.htwettoe.com/v2 

    ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
  • article
  • article
  • article
likes
5
comments
0
views
3496