cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
ယနေ့ခေတ်မှာ ငါးစာဈေးနှုန်းများမြင့်မားလျက်ရှိရာ အစားထိုးအစာများ အသုံးပြုလာကြပါတယ်။ အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။
  • ၂၀၂၅ မတ်လ ၂၀ရက်နေ့မှ ၂၇ရက်နေ့အတွင်း နေ့အပူချိန်များ မြင့်တက်လာနိုင်ပြီး ရာသီဥတုပူပြင်းခြောက်သွေ့စေနိုင်ပါတယ်။ 

    မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ 

    ISSUED TIME 

    19/03/2025 9:23am(MMT) 

    #တိကျမှန်ကန်  

    Su Su San  

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕  

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ငါး/ပုစွန်မွေးမြူရေးတွင် ငါးစာလိုအပ်ချက်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါတယ်။ ယနေ့ခေတ်မှာ ငါးစာဈေးနှုန်းများမြင့်မားလျက်ရှိရာ အစားထိုးအစာများ အသုံးပြုလာကြပါတယ်။ အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ 

    - အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။ 

    - ယင်မဲကောင်တွေဟာ သဘာဝအလျောက်နေထိုင်နိုင်ပြီး ပရိုတင်း ၁၅ ရာခိုင်နှုန်းနဲ့ အဆီ ၅.၈ ရာခိုင်နှုန်းပါဝင်ပြီး ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ရနိုင်ပါတယ်။ 

    - တိရစ္ဆာန်အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း။ 

    - စက်ရုံထွက်အမှုန့်များကို မှီခိုရန်မလိုခြင်း။ 

    - အော်ဂဲနစ်အလေအလွင့်များ အသုံးပြု မွေးမြူနိုင်ခြင်း။ 

    - တီကောင်အုပ်စုထက် အော်ဂဲနစ်အလေအလွင့်များကို ဆွေးမြေ့မှုမြန်စေခြင်း။ 

    - တိရစ္ဆာန်များ၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း။ 

    - အော်ဂဲနစ်စိုက်ပျိုးရေး ရေရှည်တည်တံ့စေခြင်း။ 

    --------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
0
views
2712