ရှမ်းပြည်နယ်အတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
ရက်ကြိုလည်းခန့်မှန်းပေးပြီးဖြစ်ပါတယ်။ ကျန်ရက်များမှာ သာယာနိုင်ပါတယ်။
ISSUED TIME
19/03/2025 8:11am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
ရှမ်းပြည်နယ်အတွင်း ပြောင်းသီးနှံ စိုက်ပျိုးမည့်တောင်သူများအနေနဲ့ လက်ရှိအခြေနေအရ ပြောင်းအထွက်နှုန်းကောင်းစေရန် ပြောင်းပင်သက်တမ်းအလိုက် ပြုစုစောင့်ရှောက်မှုများ လုပ်ပေးဖို့လိုပါမယ်။
- စိုက်ပြီး(၇)ရက်အကြာတွင်အပင်မပေါက်သည့်ကျင်းများတွင်မျိုးစေ့ထပ်ချပေးရမည်။
- အပင်ပေါက်စုံပြီး(၁၄)ရက်သားတွင်တစ်ကျင်းလျှင်(၁)ပင်ချန်မဖြစ်မနေသားခွဲပေးရပါမယ်။
- သားခွဲပြီးရင် အပင်ခြေမြေဆွခြင်းဆောင်ရွက်ပေးရပါမယ်။
- (၂၀-၂၁) ရက်သားတွင် တစ်ကြိမ် နှင့် (၃၅-၄၀) ရက်သားတွင်မြေဩဇာကျွေးရပါမယ်။
- စိုက်ခင်းအတွင်း ရေမဝပ်စေရန်အထူးဂရုပြုဆောင်ရွက်ပါ။
- ဘောင်တင်ပြီးသည့်အထိပေါင်းမြက်ကင်းစင်အောင်ဆောင်ရွက်ပေးပါ။
- ပန်းဖြိုင်ဖြိုင်ပွင့်ချိန်နှင့်နို့ရည်တည်ချိန်အစိုဓာတ်လုံလောက်စေရန် ရေသွင်းပေးပါ။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
ယခုအချိန်ကာလတွင် ငါးမွေးတောင်သူအချို့သည် ငါးဖမ်းခြင်း ဆောင်ရွက်ကြပါသည်။ အရောင်အသွေးမကောင်းခြင်း နှင့် ငါးအနည်းငယ် နာနေခြင်းတို့ကြောင့် သတ်မှတ်ဈေးမရရှိဘဲ ဈေးနည်း ရရှိပြီး ဝင်ငွေကျဆင်းတတ်ပါသည်။ ထို့ကြောင့် မိမိတို့ထုတ်ကုန်များ တန်ဖိုး မကျစေရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-
၁။ကန်အတွင်းမှ ငါးဖမ်းဆီးရာတွင် အချိန်ပါက ပိုက်အတွင်း ငါးများကြာရှည်စွာ နေရသဖြင့် ပွန်းပဲ့ခြင်း၊ သွေးထွက်ခြင်း နှင့် ရွံနွံများ ငါးကိုယ်အတွင်းရောက်ရှိနိုင်ပါ သည်။ ထို့နောက် ငါးဖမ်းဆီးချိန်ကို လူအားသုံးပြီး အမြန်ဆုံးဖမ်းဆီးနိုင်ရန် အကြံပြုအပ်ပါသည်။
၂။ဖမ်းဆီးရမိသော ငါးများကို သယ်ယူရာတွင် ပုံးနှင့် ခြင်းတောင်းအတွင်း ချောင်ချိစွာထားပြီး သယ်ယူပါ။
၄။ ဖမ်းမိသော ငါးများကို အရောင်းဌာနသို့ပို့ရန်အတွက် ရေခဲ မရိုက်မှီ ငါးများကို စင်ကြယ်စွာရေချို နှင့်ဆေးကြော ပေးပါ။ ထို့နောက် ရေစစ်ပြီး နေမပူစေရန် ဖုံးအုပ်ထားပါ။
၅။ ငါးများချိန်တွယ်ပြီး ငါးများမပုတ်မသိုးစေရန် ရေခဲရိုက်ရပါမည်။ သို့မှသာ ငါးများလတ်ဆတ်ပြီး အရည်အသွေးကောင်း မွန်ပါသည်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437