ရန်ကုန်၊ဧရာဝတီတိုင်း စျေးကွက်ရှိ ဆန်စျေးနှုန်းများနှင့် သုံးသပ်ခန့်မှန်းခြင်း
ရန်ကုန်ဈေးကွက်ရှိ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)တွင် ဆန် တစ်တင်းခွဲအိတ် ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဖျာပုံပေါ်ဈေးဆန်း၊ ဒေးဒရဲပေါ်ဆန်းမွှေး တို့၏ စျေးတန်း မှာ ၂၀၂၅ခုနှစ်၊ မတ်လတွင် ၁၂၅,၀၀ဝိ/-ကျပ် ဝန်းကျင် ရှိနေပြီး ရွှေဘိုပေါ်ဆန်းကတော့ ၁၃၅,၀၀ဝိ/-ကျပ် ဝန်းကျင်၊ နှင့် ဆန်(ဧည့်မထ ၂၅%) ကတော့ ၆၅၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။
ယခင်လ (၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ)နှင့် ယခုလ (၂၀၂၅ ခုနှစ်၊ မတ်လ)နှိုင်းယှဉ်ခြင်း
၂၀၂၅ ခုနှစ်၊ မတ်လ၊ ဖျာပုံပေါ်ဆန်းမွှေး တစ်တင်းခွဲ ပျမ်းမျှဈေးနှုန်းများကို လေ့လာ သော် ယခင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လနှင့် ယှဉ်လျှင် ၆,၂၅ဝိ/-ကျပ် စျေးတက်လာတာကို တွေ့ရပါတယ်။ ဒေးဒရဲပေါ်ဆန်းမွှေး နှင့် မြောင်းမြ၊ပုသိမ်ပေါ်ဆန်းမွှေး ဈေးနှုန်းမှာ ၄,၃၇ဝိ/-ကျပ် တက်လာနေပြီး ၊ဧည့်မထ ဈေးနှုန်းမှာ ၅,၁၂၅ိ/-ကျပ်ဖြင့် ဈေးကျနေတာကို တွေ့ရပါတယ်။
၂၀၂၅ ခုနှစ် မတ်လ အတွင်း ဖြစ်ပေါ်ခဲ့သော ပေါ်ဆန်းမွှေး ဆန်စျေးနှုန်းများ
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်စျေးကွက်တွင် ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၅,၀၀ဝိ/-ကျပ်၊ မြောင်းမြစျေး ကွက်တွင် ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၀,၀၀ဝိ/-ကျပ်၊ ဖျာပုံစျေးကွက်တွင်ပေါ်ဆန်းမွှေးတစ်တင်းခွဲအိတ် တစ်အိတ်ကို ၁၁၇,၀၀ဝိ/-ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတာကိုတွေ့ရပါတယ်။
ဈေးကွက် သုံးသပ်ခန့်မှန်းချက်
၂၀၂၅ ပထမ (၃) လအတွင်း ရန်ကုန် (ဝါးတန်း) စျေးကွက် မှာတော့ ပေါ်ဆန်းဆန်စျေးဆက်တိုက်ဆိုသလို တက်လာခဲ့ပြီး တဖြည်းဖြည်းနဲ့ တရွေ့ ရွေ့ထပ်တက်လာနိုင်ပါကြောင်း ခန့်မှန်းပေးလိုက်ရပါတယ်ခင်ဗျာ။
ကျေးဇူးတင်ပါတယ်။
ထွက်တိုး
-----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437
ထွက်တိုးငါးတောင်သူများအဖွဲ့_ https://htwettoe.com/organization/စီးပွားဖြစ်ငါးမွေးမြူရေး


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း