မန္တလေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ မတ်လ ၂၂ရက်နေ့နှင့် ၂၃ရက်နေ့တွေမှာ မန္တလေးတိုင်းအရှေ့ပိုင်းဒေသတွေမှာ မိုးရွာနိုင်ပါတယ်။ လေမိုးလျှပ်စီးမိုးကြိုးသတိပြုကြပါ။ ရက်ကြိုလည်းခန့်မှန်းပေးပြီးဖြစ်ပါတယ်။ မတ်လ ၂၄ရက်နေ့မှ ၂၉ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ပူပြင်းခြောက်သွေ့နိုင်ပါတယ်။
Weather Source: Su Su San
- အရွက်သေးရတဲ့ အကြောင်းအရင်းကတော့ စုပ်စားပိုးအုပ်စုဝင် ဖြစ်တဲ့ ယင်ဖြူ၊ လှေး၊ ပျ ပိုးတွေကျရောက်ခြင်းကြောင့် ဖြစ်ပါတယ်။
- စုပ်စားပိုးတွေက ဗိုင်းရပ်စ် ရောဂါပိုးတွေကို သယ်ဆောင်ပြီး တစ်ပင်ကနေ တစ်ပင်ပြန့်နှံ့စေ တဲ့အတွက် စုပ်စားပိုးများကိုနှိမ်နင်းမှ သာ ရွက်သေးတဲ့ ပြဿနာကိုလျှော့ကျနိုင်မှာဖြစ်ပါတယ်။
- အရွက်သေးတွန့်လိမ်တဲ့ ပြဿနာကိုကာကွယ်နှိမ်နင်းဖို့အတွက်
- အရွက်သေးတွန့်လိမ်တဲ့လက္ခဏာပြတဲ့အပင်စတွေ့လျှင် ချက်ချင်းဖယ်ရှားရှင်းလင်းပါ။
- ရောဂါကျအပင်များရှင်းလင်းပြီးမှ ပိုးသတ်ဆေးဖျန်းတာပိုထိရောက်ပါတယ်။
- စိုက်ခင်းအစိုဓါတ်ရှိအောင်ထိန်းထားပေးပါ။
- အပင်ပေါ်မှ ရေဖျန်းပေးတာမျိုးလုပ်ပေးပါ။
- Spinosad, Spirotetramat, Dinotefuran စတဲ့ ပိုးသတ်ဆေးများကို တလှည့်စီဖျန်းပြီး စုပ်စားပိုးများကိုကာကွယ်နိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
မန္တလေးတိုင်းတွင် အပူချိန်မြင့်သော ကာလဖြစ်သဖြင့် ငါး၊ ပုစွန်မွေးကန်များကို အပူချိန်တိုင်းတာပြီး အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပေးလိုက်ပါတယ်။
- ငါးကန်ရေ၏ အပူချိန်တိုင်းတာရာတွင် ရေအပူချိန်တိုင်းသာမိုမီတာဖြင့် တိုင်းတာပါ။
- ငါးကန်ရေ၏မျက်နှာပြင်မှာ ရေအပူချိန်တိုင်း သာမိုမီတာကို (၅)မိနစ်ခန့်စိမ်ထားပြီး မှ ရေအပူချိန်တိုင်း သာမိုမီတာ၏ ပြသောအမှတ်ကို ရယူပါ။ (ကန်ရေအတွင်းမှ ထုတ်ပြီး မှပြသောအမှတ်အသားကို မယူပါနဲ့။ ကန်ရေအတွင်းမှထုတ်ပြီးမှ ရရှိတဲ့ သာမိုမီတာအမှတ်ဟာ ပြင်ပ အပူချိန်နှင့် လေတို့ကြောင့်ပြောင်းလဲတတ်ပါတယ်။)
- ငါးကန်တစ်ခု အပူချိန်ဟာ ၂၅ ဒီဂရီ စင်တီဒရိတ်မှ ၃၂ ဒီဂရီ စင်တီဂရိတ်အတွင်းရှိရပါမယ်။
- ကန်ရေအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်ပါက ရေကို ထည့်ဖြည့်ပေးပါ။
- ရေအနက်ကို အနည်းဆုံး ၅ ပေခွဲ - ၆ ပေ ထားရှိရပါမယ်။
- အစာကို လျော့ကျွေးပါ။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437