ဧရာဝတီတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ ခုနှစ်၊ မတ်လ တတိယ(၁၀)ရက်ပတ်အတွင်း ဧရာဝတီတိုင်း ၁ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ မတ်လပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပါတယ်။
ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် ၃ ပေမှ ၄ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်း မြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။
Source: မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
- လက်ရှိမရိတ်သိမ်းရသေးသော အဓိကနယူးဧရာစပါးမျိုးတွေမှာ ဆိုးရွားစွာကျနေတဲ့ဂုတ်ကျိုးရောဂါနဲ့ပတ်သတ်ပြီး ဆွေးနွေးလိုက်ပါတယ်။
- အနှံစုံချိန်မှ အနှံတွေကျိုးကျလာတာကိုတွေ့ရပါက ဆေးဖျန်းလို့မမှီတော့တာကို သတိပြုရပါမယ်။
- စပါးအနှံမစုံသေးတဲ့စပါးခင်းများအနေဖြင့် ထိုအခြေအနေသို့မရောက်စေရန် ကြိုတင်ကာကွယ်နှိမ်နင်းပါ။
- ရောဂါပြန့်နှံ့လာပါက Isoprothiolane 20% ၃၀ စီစီ/ ၂၀ လီတာနှုန်းနဲ့ ဖျန်းပေးနိုင်ပါတယ်။
- နောက်ရာသီတွင် ဂုတ်ကျိုးကျခဲ့သောစပါးခင်းမှမျိုးကိုလုံးဝပြန်မစိုက်ပါနဲ့။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
မတ်လနှင့် ဧပြီလများတွင် ပြင်ပအပူချိန်သည် ၃၇ မှ ၄၀ ဒီဂရီစင်တီဂရိတ် အတွင်းရှိနေသဖြင့် ငါးမွေးကန်၏ရေအပူချိန်သည်လည်း ၃၂ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်ပါသည်။
- ကန်ရေထဲတွင် အနယ် အနှစ်များ အမှုန်များ ရှိနေပါက အဆိုပါ အနယ်အနှစ် များနှင့် အမှုန်များသည် ကန်ရေ၏အပူချိန်ကို မြင့်မားစေနိုင်သည်ကို သတိပြုပါ။
- အစိမ်းနုရောင်ရေအလွှာသည် အပူကာအဖြစ် ဟန့်တားထားသဖြင့် ကန်ရေ ဩဇာဓာတ်ရရှိစေရန် ဆောင်ရွက်ထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
- ကန်ရေအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်ပါက ရေကို ထည့်ဖြည့်ပေးပါ။ ရေအနက်ကို အနည်းဆုံး ၅ ပေခွဲ - ၆ ပေ ထားရှိရပါမယ်။
- ပုံမှန်မဟုတ်သော လက္ခဏာများ - ( ငါး၊ ပုစွန် အသေများတွေ့ရှိခြင်း။ ရေညှိဖတ်များ ရေတွင် မျှောနေသည်ကိုတွေ့ရခြင်း။ ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ)။ ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း) များကို အမြဲစစ်ဆေးပေးပါ။
ငါးမွေးမြူရေးအတွက် အကြံပြုချက်များ ရယူလိုပါက ထွက်တိုးကောစင် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်
-------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437