ခရမ်းချဉ်သီး ပန်ထွေဖျော်
- ခရမ်းချဉ်သီးထောင်း - ကျနော်တို့ အထက်အညာ ရွှေဘိုနယ်အခေါ် - ပန်ထွေဖျော်.. - ဘယ်လိုချက်ကြလဲ? - ကျနော်ကတော့ ခရမ်းချဉ်သီး - ရင့်ပြီး မှည့်နေတာကိုသုံးတယ် - ရေနဲ့ပြုတ်တာထက် မီးနဲ့ဖုတ်တာ ပိုကြိုက်တယ် - မီးနဲ့ဖုတ်တဲ့နေရာမှာ - ကင်တာမကြိုက်ဘူး - မီးကျည်းမှာ ခရမ်းချဉ်သီး ထည့်ဖုတ်မှ ကြိုက်ပါတယ်။ - မပေါက်မပြဲ မီးထဲမှာ လှည့်တတ်ဖို့က - သဘာ လိုပါတယ်။ - တော်ရုံစကေးနဲ့ မရပါဘူး - ခရမ်းချဉ်သီး မီးမကျွမ်းပဲ အခွံကျွမ်းရင် - မီးဖိုက ဆယ်ပါတယ်။ - ခရမ်းချဉ်သီး အိ မအိ က မျက်စေ့ စကေးနဲ့ ဆုံးဖြတ်ရပါတယ် - ပြီးရင် ငရုတ်ဆုံမှာ ဆားထည့်ပြီး - ထောင်းပါတယ်။ - စဉ့်ငရုတ်ဆုံ က အသင့်တော်ဆုံးပါ - မဖိတ်မစင် ကြေအောင်ထောင်းရပါတယ် - သူ့မှာထည့်ဖို့ ငရုတ်သီးကြော်ကလဲ - ငရုတ်သီးခြေက်တောင့်ကို ကြော်ပြီး - ထောင်းထားရပါမယ်။ - မွှေးပြီး ကြွပ်ရွနေဖို့ လိုပါတယ် - ငရုတ်သီးကြော် ကြက်သွန်မြိတ် - နံနံမိတ် အသင့်အတင့် ရောထည့်ပါတယ် - အငံလိုရင် အငံပိုထည့် - (အများစုက ငံပြာရည် သုံးတယ် - ကျနော်က ဆားပဲကြိုက်တယ်) - အစပ်လိုရင် အစပ်ပိုထည့် - ပြီးရင် ဆီလောင်း - ဒါဆိုစားလို့ရပါပြီ။ - ကျနော်ကတော့ - ပန်ထွေဖျော် ငါးခြောက်ဖုတ် - ခရမ်းသီး ဖုတ်သုတ်ကြော် - မြေပဲဆံ ကြော် - ဆိုတဲ့ ဟင်းစပ်ကို အခုလို ဆောင်းအခါမှာ - စားရတာ သိပ်ကြိုက်ပါတယ်။ - May Kachin-ဒို့ရိုးရာယက်ကန်းလုပ်ငန်း မှ ကူးယူဖော်ပြပါသည်။ - -------------- - ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
