cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ခရုကာကွယ်နှိမ်နင်းနည်း ၁၆ သွယ်

. ပိုးမွှား
ခရုတစ်ကောင်ဟာ တစ်ရက်အတွင်း ပျိုးပင် ရပင်မှ ၂၄ပင်အထိ စားသောက်နိုင်ပါတယ်။ ဒါကြောင့် ခရုဖျက်ဆီးမှုဟာ စပါးခင်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ပါတယ်။
  • - ရွေ့ပြောင်းစိုက်ပျိုးတဲ့ စပါးပျိုးပင်များထက် တိုက်ရိုက် ပျိုးကျဲစိုက်ပျိုးတဲ့ ရက် ၃၀ အရွယ် ပျိုးပင်များမှာ အဖြစ်များတဲ့ အဓိက ပြသနာဖြစ်ပါတယ်။  

    - ပျိုးပင်ဟာ ရက် ၃၀ ကျော် ၄၀ ရောက်တဲ့အခါ အရွက်ဟာ ထူလာပြီး ခရုဖျက်ဆီးမှုကို ခံနိုင်ရည်ရှိလာပါတယ်။ 

    - အရေးအကြီးဆုံး အချိန်ကတော့ မြေပြင်ချိန်နဲ့ စိုက်ပျိုးချိန် (ရွေ့ပြောင်းစိုက်ပျိုးပြီး ၁၀ ရက်အကြာ နဲ့ တိုက်ရိုက် ပျိုးကျဲစိုက်ပျိုးပြီး ၂၁ရက် အကြာမှာ) ပဲဖြစ်ပါတယ်။  

    - အဲ့ဒီနောက်မှာတော့ အပင်ဟာ ခရုဖျက်ဆီးမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး နောက်ပိုင်း ခရုဟာ ပေါင်းပင်များကို စားသုံးပေးတာမို့ အသုံးဝင်ပါတယ်။  

    - ခရုတစ်ကောင်ဟာ တစ်ရက်အတွင်း ပျိုးပင် ရပင်မှ ၂၄ပင်အထိ စားသောက်နိုင်ပါတယ်။ ဒါကြောင့် ခရုဖျက်ဆီးမှုဟာ စပါးခင်းတစ်ခုလုံးကို ဖျက်ဆီးနိုင်ပါတယ်။  

    - ရေမရှိတဲ့အခါမှာ ခရုများဟာ ရွံမြေထဲမှာ ၆လခန့် ဝင်ရောက် ဆောင်းခိုလေ့ရှိပါတယ်။ 

    - စပါးခင်းကို ရေပြန်သွင်းပေးတဲ့အခါ ခရုများဟာ ပြန်ပေါ်လာတတ်ပြီး ခရုအမများဟာ ရေပေါ်မှာ ပေါ်နေတဲ့ အပင်များနဲ့ တခြားအရာများပေါ်မှာ ဥများကို ဥချလေ့ရှိပါတယ်။ 

    ဖျက်ဆီးမှု လက္ခဏာများ 

    - ရေအောက်မှာ စပါးပင်များကို ဖြတ်တောက် ဖျက်ဆီးလေ့ရှိတာမို့ အပင်ဦးရေ လျော့နည်း နေတတ်ပါတယ်။  

    - ပင်ပွားများကို အရင်ဖြတ်တောက် လေ့ရှိပြီး အရွက်နဲ့ ပင်စည်များကို ရေအောက်မှာ စားသုံးလေ့ ရှိပါတယ်။ 

    - ဥများဟာ ပန်းရောင်ရှိပြီး လယ်ကွင်းထဲတွင် မြင်တွေ့နိုင်ပါတယ်။ 

    - သားပေါက်ခါနီး အချိန်မှာ ဥများဟာ အရောင်ဖျော့ လာတတ်ပါတယ်။ ခရုများဟာ အလျင်အမြန် မျိုးပွားလေ့ရှိပါတယ်။ 

    မိုးစပါးမှာ ကျရောက်တဲ့ ခရုကို ကာကွယ်နှိမ်နင်းခြင်း  

    - လယ်ခင်းထဲတွင်ရှိသော ခရုများ ကွဲကြေသွားအောင် မစိုက်ခင် ထယ်ထိုး၊ ထွန်မွှေပြီး ကောင်းစွာ သမန်းပြင်ပါ။  

    - နောက်ဆုံးအကြိမ် ထယ်ထိုးသည့် အခါတွင် ခရုပေါက်ပွားမှု နည်းစေရန် ယူရီးယား ဓါတ်မြေဩဇာကို မြေခံအနေဖြင့် အချိုးကျ ထည့်သုံးပေးပါ။ 

    - အပင် မစိုက်ခင် စိုက်ခင်း၏ ဘေးအစွန်ဘက်တွင် မြောင်းဖော်ထားပါ။ 

    မြောင်းထဲတွင် သွားလာနေသော ခရုအကောင်ငယ်နှင့် အကောင်ကြီးများကို လက်ဖြင့် ကောက်ယူ ဖယ်ရှားပေးပါ။   

    - စိုက်ခင်းထဲသို့ ခရုများ အလွယ်တကူ ဝင်မလာစေရန် ရေသွင်းရေထုတ် မြောင်းပေါက်များတွင် ဇကာ၊ ပိုက်ကွန်စိတ်စိတ် တပ်ဆင်၍ ဖမ်းယူ ဖျက်ဆီးခြင်းကို လုပ်ဆောင်ပေးပါ။   

    - စိုက်ခင်းထဲသို့ ရေပေးသည့် အဓိက ရေသွင်းမြောင်းကြီးကိုလည်း ပိုက်ကွန်ဖြင့် ကာထားပါ။  

    - စိုက်ခင်းအတွင်း ခရုဖျက်ဆီးမှု ရှိမရှိ စောင့်ကြည့် စစ်ဆေးပါ။ ခရု အကောင်ငယ် (သို့) အကောင်ကြီး (၂) ကောင်နှင့် အထက်တွေ့ပါက ကာကွယ် နှိမ်နှင်းခြင်းကို စတင် လုပ်ဆောင်ပေးပါ။   

    - တစ်ပတ်လျှင် (၃)ကြိမ်ခန့် ကင်းထောက် စစ်ဆေးပေးပါ။ (၅) မီတာ ပတ်လည်တွင် ခရု (၅) ကောင်နှင့် အထက်တွေ့ပါက မဖြစ်မနေ နှိမ်နှင်းရမဲ့ အခြေအနေ ဖြစ်သောကြောင့် နှိမ်နင်းခြင်းကို လုပ်ဆောင်ရန် လိုအပ်ပါတယ်။  

    - ဥအတွဲများနှင့် ခရုများကို နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတွင် ရှာဖွေကောက်ယူ ဖျက်ဆီးပစ်ပါ။  

    - တစ်လလျှင် (၁ဝဝဝ-၁၂ဝဝ) ခန့်အထိ ဥနိုင်သည်။ ဥအတွဲများကို ရှာဖွေကောက်ယူ ဖျက်ဆီးပစ်ခြင်းသည် အထါရောက်ဆုံး ကာကွယ် နှိမ်နင်းခြင်းပင် ဖြစ်သည်။    

    - လယ်ယာသုံး စက်ပစ္စည်းများကို အသုံးမပြုခင် ရောဂါ၊ ပိုးမွှားများ ကပ်ပါ မလာစေရန် သေချာ သန့်ရှင်းဖို့ လိုအပ်ပါသည်။  

    - ရေဝပ်မြောင်းများတွင် သင်္ဘောရွက်များ၊ ကန်စွန်းဥ အရွက်များကို (၂၄)နာရီခန့် ချထားပြီး ခရုများ လာရောက် စုဝေးနေချိန်၌ ကောက်ယူ ဖျက်ဆီးပစ်ပါ။   

    - ခရုများကို အဆိပ်ဖြစ်စေနိုင်သော တမာရွက်၊ ဆေးရွက်ကြီး၊ သံပရာရွက်များကို ရေဝပ်မြောင်းများတွင် ချထားပေးပါ။   

    - ခရုများ ဥအုစေရန် ဝါးတိုင် ငယ်လေးများကို လိုက်လံ စိုက်ပေးပြီး ဥများ တွေ့ရှိပါကဖျက်ဆီးပစ်ပါ။ 

    - သက်ရှိများကို အသုံးပြု၍လည်း ကာကွယ်နှိမ်နင်းနိုင်ပါသည်။ မပင်မစိုက်ခင် အချိန် (သို့မဟုတ်) စိုက်ပြီးနောက် ပင်ပွားအများဆုံး ထွက်သည့်အချိန်တွင် ခရုဥနှင့် ခရု အကောင်ငယ်များကို စားစေရန် ဘဲများကို စိုက်ခင်းအတွင်းသို့ လွှတ်ကျောင်းပေးပါ။   

    - ခရုဥ နှင့် အကောင်ငယ်များကို ငှက်များလာရောက်စားသောက်နိုင်စေရန် ငှက်နားတိုင်ထောင်ထားပေးပါ။  

    - ခရုသတ်ဆေးကို အသုံးပြုမယ်ဆိုပါက ရွှေ့ပြောင်းစိုက်သည့် စိုက်ခင်းတွင် ကောက်စိုက်ပြီး နောက်ပိုင်းမှသာ ဆေးဖျန်းပေးပါ။ ကြဲပတ်စိုက်သည့် စိုက်ခင်းတွင် အပင်သက်တမ်း (၃၀) ခန့်လောက်မှသာ ဆေးဖျန်းပေးပါ။  

    (ဥပမာ- နီကလိုစမိုက် တစ်ဧကလျှင် ၂ဝဝ ဂရမ် (Niclosamide 70% WP 200g/acre) ကို အသုံးပြုနိုင်ပါသည်။ ခရုသတ်ဆေး ဖျန်းသည့်အခါ စိုက်ခင်းအတွင်း ရေအနက် (၅) စင်တီမီတာခန့် ထားပေးပါ။ဒါမှမဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်တဲ့ ပိုးသတ်ဆေးထုတ်များမှာ ပါရှိတဲ့ မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။ (မြန်မာစာဆေးညွှန်းကို သေချာစွာဖတ်ရှုပြီး လိုက်နာဆောင်ရွက်ပေးပါ) 

    ----------- 

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများကို ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 

    ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 

    အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 


  • article
likes
5
comments
0
views
1803