cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ပြောင်းကတော့ စျေးကွက် အတက်ဘက်ကို ရောက်လာနေတယ်လို့သိရပါတယ်။ ပြောင်းအထွက် နှုန်းနည်းခြင်း၊ ပြည်ပကဝယ်လိုအားကောင်းခြင်းကြောင့် မြန်မာ့ပြောင်းစျေးကွက်ကောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
  • (၁၇. ၃. ၂၀၂၅ မှ ၂၁.၃ ၂၀၂၅)

    ပြောင်း

    ပြောင်းကတော့ စျေးကွက် အတက်ဘက်ကို ရောက်လာနေတယ်လို့သိရပါတယ်။ ပြောင်းအထွက် နှုန်းနည်းခြင်း၊ ပြည်ပကဝယ်လိုအားကောင်းခြင်းကြောင့် မြန်မာ့ပြောင်းစျေးကွက်ကောင်းနေတာဖြစ် တယ်လို့ သိရပါတယ်။

    ထိုင်းဝယ်လက်တွေကတော့ ဧရာဝတီပြောင်းကို ပိုပြီးဝယ်လိုအားကောင်းနေပါတယ်။ ပြောင်းဆံကို ထိုင်းနဲ့အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၆၈၀ မှ ၁၆၉၀ ကျပ်ရှိပါတယ်။ ကုန်ချိန်ပမာဏများများရောင်းချမယ်ဆိုရင်တော့ ၁၇၃၀ ကျပ်လောက်အထိ စျေးရနေပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းက အတက်စျေးတန်းမှာ ငြိမ်နေပေမယ့် အရောင်းအဝယ်တော့ သွက်နေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်း နေတာဖြစ်ပါတယ်။ တောင်သူတွေက သိုလှောင်မှု နည်းပြီး ရောင်းလိုအားများနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်နဲ့ဈေးငြိမ်နေပြီး ပဲတီစိမ်း အညာကလည်း အရင်တစ်ပတ်ကအတိုင်း ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်မှာ ဈေးငြိမ်နေတာဖြစ်ပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၂၅၀ မှ ၅၂၇၀ ကျပ်ရှိပါတယ်။

    မန္တလေးဈေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀၀၀၀ မှ ၂၆၅၀၀၀ ကျပ်ရှိပါတယ်။

    မတ်ပဲ

    မတ်ပဲကတော့ တစ်တန်ကို ကျပ်သိန်း ၃၀ အထက်မှာပဲ စျေးတန်းရှိနေပါတယ်။ အိန္ဒိယအစိုးရဘက်က အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုလိုက်ပြီးနောက်မှာ စျေးထပ်မတက်လာပေမယ့်လည်း သိန်း ၃၀ ကျပ်စျေးတန်းအောက်ကို ကျဆင်းသွားခြင်းမရှိဘဲ ကျပ်သိန်း ၃၀ အပေါ်မှာပဲ အတက်အကျရှိနေတာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ)တစ်တန်ကို ၃၀၁၇၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၀၆၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၁၅၀၀၀ ကျပ်၊ ကြာသပတေးနေ့မှာ ၃၀၁၁၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၁၁၀၀၀ ကျပ်ရှိပါတယ်။ ခုတစ်ပတ်မှာ ၃၀၀၀၀ လောက်ကျပါတယ်။

    မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၈၀၀၀၀ မှ ၂၈၂၀၀၀ ကျပ်ရှိပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ ဈေးတန်းပြန်ကျလာပါတယ်။ တစ်တန်ကို ကျပ်သိန်း ၃၀၅၅၀၀၀ အထိမြင့်တက်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ တစ်တန်ကို ကျပ်သိန်း ၃၀ အောက်ပြန်ကျသွားပါတယ်။

    စျေးတန်းအေးပေမယ့် အိန္ဒိယက ပဲစင်းငုံအဝယ်ပုံမှန်ရှိပြီး လှောင်လက်သမားတွေလည်း အဝယ်ရှိနေ ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့က ပဲစင်းငုံနီ တစ်တန်ကို ၂၉၆၀၀၀၀ကျပ်၊ ဗုဒ္ဓဟူးနေ့ကနေ သောကြာအထိမှာ ၂၉၈၀၀၀၀ ကျပ်သာရှိပါတယ်။

    မန္တလေးဈေးကွက်မှာ ခုတစ်ပတ်မှာ ပဲစင်းငုံနီကို ပိဿာ ၆၀ ကို ၂၇၈၀၀၀ မှ ၂၇၉၀၀၀ ကျပ်ရှိပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အဝင်နည်းပေမယ့် ဈေးက အကျဈေးနဲ့ ရှိနေပါတယ်။ ပြည်တွင်း ဝယ်လိုအား နည်းပြီး ရောင်းအားများနေတာကြောင့် ဈေးတွေက ဆက်တိုက် ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ် ဘုရင့်နောင်ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းခွဲ ပတ်ချာလည် အဝင်ရှိနေပါတယ်။

    ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ကြက်သွန်နီ (ဆိတ်ဖြူ၊ မြစ်သားတို့က တစ်ပိဿာကို ၁၆၀၀ မှ ၂၇၀၀ ကြားရှိပြီး တစ်ပိဿာကို ၁၀၀ ဈေးကျဆင်းပါတယ်။ ရက် ၂၀ အတွင်း တစ်ပိဿာကို ၃၀၀ မှ ၈၀၀ ကြား ဈေးကျဆင်းသွားပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

    ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၆၀၀၀ မှ ၇၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပြီး ကြူကုတ်ကလည်း တစ်ပိဿာကို ၁၃၀၀၀ မှ ၁၃၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။

    မတ်လ အစနဲ့ ယှဉ်ရင်တော့ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး ကြူကုတ်ကတော့ တစ်ပိဿာကို ၁၀၀၀ ကျော်လောက် ဈေးတက်လာပါတယ်။

    (AMIA)

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
4
comments
0
views
2527