ငါးကန်ဘေးမှာ အပင်စိုက်ဖို့ တွေးမိနေပြီ ဆိုရင်တော့.....
- ငါးနဲ့စပါး တွဲပြီး စိုက်ကြတာတော့ တောင်သူတော်တော်များများ သိကြပါတယ်. နောက်တနည်းအားဖြင့် ငါးကန်ဘေးမှာ ငှက်ပျော အုန်းပင်လို အရိပ်ရပင်တွေလည်း စိုက်ကြတာ တွေ့ရမှာပါ .. ဒါဆိုရင် ငါးကန်ဘေးမှာ အိမ်ခြံဝန်း သီးနှံရော မစိုက်ကြဘူးလား ဆိုတော့ စိုက်ကြပါတယ်. - ငါးကန်ဘေး အပင် စိုက်မယ်တွေးမိရင်တော့ - ၁။ အပင်အမြစ်က ငါးကန်ရဲ့ဘောင်တွေကို ပျက်စီးစေနိုင်တဲ့ အပင်မျိုးကိုမရွေးပဲ မြေသားကို ပိုမိုကျစ်လစ်စေနိုင်မဲ့ အပင်မျိုးရွေးပါ။ - ၂။ အရွက် ကြွေနည်းတဲ့ အပင်မျိုးရွေးပါ။ ကြွေကျလာတဲ့ အရွက်ကနေ ရေညှိ အမှိုက်တွေ ဖြစ်ပြီး ရေ အရည်သွေး ထိခိုက်စေနိုင်ပါတယ်။ - ၃။ အကွာအဝေး ကို ဂရုစိုက်ပါ။ - ၄။ အပင်ရဲ့ အရိပ်ကျရောက်မှု့ကို တွက်ချက်ပါ။ အပင်အရိပ်တွေကနေ ငါးတွေ အတွက် အကျိုးပြုစေနိုင်ပေမဲ့ အရိပ်အရမ်းများတဲ့ အခါမှာလည်း ရေမှာပေါက်တဲ့အပင်လေးတွေကို ထိခိုက်စေနိုင်ပါတယ်။ - ၅။ ဟင်းသီးဟင်းရွက် စိုက်မယ်ဆိုရင်တော့ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည် ရှိတဲ့ မျိုးကိုရွေးချယ်ပါ။ - ၆။ သဘာဝ ပိုးသတ်ဆေး မှိုသတ်ဆေးများသာ အသုံးပြုသင့်ပါတယ်။ - ၇။ ငါးမွေးကန်ရဲ့ ရေ ဟာလည်း အာဟာရဓာတ်တွေ ပါဝင်တဲ့ အတွက် ဓာတ်မြေဩဇာ သုံးတာကိုလျော့ချပါ။ - အကယ်၍ အိမ်ခြံဝန်း သီးနှံ စိုက်မယ်ဆိုရင်တော့ ခရမ်း၊ ခရမ်းချဥ်၊ ရုံးပတီ၊ ချဥ်ပေါင်၊ ဆူးပုတ်၊ ကင်းပွန်းချဥ်၊ ခွေးတောက်ပင်၊ ဖရုံပင်၊ ဘူးသီး၊ သခွား၊ ပဲတိုင်ထောင်၊ ရွက်စားသီးနှံ၊ ကန်စွန်းဥ စသဖြင့် စိုက်ပျိုး သင့်ပါတယ်။ - --------- - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
