ရန်ကုန်တိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅မတ်လ ၂၄ရက်နေ့မှ ၃၁ရက်နေ့အတွင်း ရန်ကုန်တိုင်းမှာ မိုးရွာသွန်းနိုင်တဲ့အလားအလာမတွေ့ရှိရပဲ ရာသီဥတုကြည်လင်သာယာစေနိုင်ပါတယ်။ - Weather Source: Su Su San - ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပေးချက် - ရိတ်သိမ်းပြီး အခြောက်လှန်းနေသောစပါးများအတွက် အကြံပြုချက် -
- စပါးအခြောက်လှန်းသည့်အခါ နေပူထဲတွင် (၂-၃ ရက်ခန့်)လှန်းပါ။ နာရီဝက်တစ်ခါ အထက်အောက်လှန်ပေးပါ။
- စပါးသိုလှောင်ဖို့အတွက် ကာလကြာရှည်သိုလှောင်နိုင်ဖို့အတွက် အစိုဓါတ်နည်းဖို့လိုအပ်ပါတယ်။ အစိုဓါတ်သည် ( ၁၀- ၁၂%)ခန့် သာရှိရပါမယ်။
- စပါးထည့်သွင်း သိမ်းဆည်းထားသည့် အိတ်များကို အမိုးအောက်၊ စပါးကျီ သို့မဟုတ် ရေစိုခံတာပေါ်လင်စများအောက်တွင် လုံခြုံစွာထားရှိပါ။
- စပါးများကို အိတ်များအတွင်း ထည့်သွင်းသိမ်းဆည်းပါက အိတ်အမြင့်ကို (၁၂)ပေ (၄မီတာ)ထက် မကျော်စေရန် သတိပြုပါ။
 - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါး/ပုစွန်မွေးမြူရေးတွင် ငါးစာလိုအပ်ချက်သည် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါတယ်။ ယနေ့ခေတ်မှာ ငါးစာဈေးနှုန်းများမြင့်မားလျက်ရှိရာ အစားထိုးအစာများ အသုံးပြုလာကြပါတယ်။ အစားထိုးအစာများတွင် အင်းဆက် များမှရရှိသော အစားအစာများသည် တစ်ခုအပါအဝင်ဖြစ်လာပါတယ်။ - အင်းဆက်တွေဟာ ပရိုတင်းကြွယ်ဝတဲ့ အရင်းအမြစ်တစ်ခုဖြစ်ပြီး ဒါတွေထဲမှ ယင်မဲဟာ ယနေ့ခေတ်မှာ နာမည် ကြီးလာတဲ့အတွက် ယင်မဲနဲ့ပတ်သက်တဲ့အကြောင်းလေး ရေးသားလိုက်ပါတယ် ခင်ဗျာ။ - - ယင်မဲကောင်တွေဟာ သဘာဝအလျောက်နေထိုင်နိုင်ပြီး ပရိုတင်း ၄၂ ရာခိုင်နှုန်းနဲ့ အဆီ ၅.၈ ရာခိုင်နှုန်းပါဝင်ပြီး ကောင်းကျိုးတွေကတော့ အောက်ပါအတိုင်း ရနိုင်ပါတယ်။ - - တိရစ္ဆာန်အစားအစာလိုအပ်ချက်ကို လျှော့ချနိုင်ခြင်း။ - - စက်ရုံထွက်အမှုန့်များကို မှီခိုရန်မလိုခြင်း။ - - အော်ဂဲနစ်အလေအလွင့်များ အသုံးပြု မွေးမြူနိုင်ခြင်း။ - - တီကောင်အုပ်စုထက် အော်ဂဲနစ်အလေအလွင့်များကို ဆွေးမြေ့မှုမြန်စေခြင်း။ - - တိရစ္ဆာန်များ၏ အစာစားချင်စိတ်ကို မြှင့်တင်ပေးခြင်း။ - - အော်ဂဲနစ်စိုက်ပျိုးရေး ရေရှည်တည်တံ့စေခြင်း။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
