cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကန့်ဘလူမြို့တွင် ဒေသထွက် မေမြို့ပန်းများ လူကြိုက်များ၍ အရောင်းသွက်

. သတင်းစုံ
မေမြို့ပန်း(၃)ပင်ပါတစ်စည်းလျှင် (၇၀၀)ကျပ်၊ (၁၀)စည်းပါတစ်ထုံးလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း လူကြိုက်များသောပန်း ဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။
  • မေမြို့ပန်းသည် မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် လိုက်ဖက်ညီသောပန်းဖြစ်ပြီး၊ မေမြို့ပန်းသည် အဖြူရောင်၊ အဝါရောင်၊ ပန်းရောင် စသည့်ဖြင့် အရောင်စုံလင်စွာဖြင့် လှပသောပန်းတစ်မျိုးဖြစ်ပြီး လူကြိုက်များသည်။ မေမြို့ပန်းသည် မြန်မာ့ဓလေ့ထုံးတမ်းများတွင် အထူးသဖြင့် ဘာသာရေးနှင့် ပွဲလမ်းသဘင်များတွင် အသုံးပြုလေ့ရှိကြောင်း၊ မေမြို့ပန်းများကို ဘုရားပန်းအဖြစ်ပူဇော်ခြင်း၊ အိမ်တွင်းအလှဆင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

    ယခုအခါ ကန့်ဘလူခရိုင်အတွင်း မေမြို့ပန်းများ လှိုင်လှိုင်ထွက်ရှိနေကြောင်း၊ စိုက်ပျိုးမှုအနေ ဖြင့် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိကျေးရွာများတွင် စိုက်ပျိုးကြပြီး ကန့်ဘလူမြို့မဈေး သို့လာရောက်ရောင်းချကြောင်း၊ မတ်လစတုတ္ထပတ်အတွင်း မေမြို့ပန်း(၃)ပင်ပါတစ်စည်းလျှင် (၇၀၀)ကျပ်၊ (၁၀)စည်းပါတစ်ထုံးလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း လူကြိုက်များသောပန်း ဖြစ်သည့်အတွက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ပန်းရောင်းချသူများထံမှ သိရှိရပါသည်။

    DOCA(စစ်ကိုင်း)

    Source: စားသုံးသူရေးရာဌာန

    -------------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
7
comments
0
views
1157