cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
  • ၂၀၂၅ မတ်လ ၂၇ရက်နေ့မှ ဧပြီလ ၂ရက်နေ့အထိ မကွေးတိုင်းဒေသကြီးမှာ မိုးရွာသွန်းနိုင်တဲ့ အလားအလာမရှိပဲ ရာသီဥတုပူပြင်းခြောက်သွေ့နိုင်ပါတယ်။ 

    #တိကျမှန်ကန် 

    Su Su San 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 

    𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 

    မကွေးတိုင်းဒေသကြီးအတွင်း နှမ်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် 

    • လက်ရှိ ရာသီဥတုအနေအထားအရ နှမ်းပင်များ ကြီးထွားမှုအတွက်ကောင်းမွန်နေပါတယ်။ 
    • နှမ်းပင်များ အပင်ငယ်စဉ်မှာ ပေါင်းမြတ်ကင်းစင်အောင်ရှင်းလင်းပေးပါ။ 
    • စိုက်ခင်းအတွင်း အစိုဓါတ်လုံလောက်မှုရရှိစေရန် ဆောင်ရွက်ပေးပါ။ 
    • မစိုက်ပျိုးခင်မှာ သဘာဝမြေဩဇာနှင့် သစ်စိမ်းမြေဩဇာများကို ထည့်သွင်းအသုံးပြုပါ။ နှမ်းပင် တစ်လသားလောက်မှာ N:P:K (၂၀: ၁၀: ၁၀) အချိုးပါသောမြေသြဇာအသုံပြုပေးပါ။ 
    • အပင်ငယ်စဉ်ကာလမှာ N:P:K (၂၅: ၂၅: ၀) နှင့် အမိုင်နိုအက်စစ် ၄၀% ပါသောရွက်ဖျန်းအားဆေးများကို အသုံပြုပေးပါ။ 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ရာသီဥတု ပူပြင်းလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်းလိုပါတယ် ခင်ဗျာ။

    🐟      ငါးဖော်ပြီး ကန်များအတွက် ကန်သန့်ရှင်းရေး ဆောင်ရွက်ရန်၊ 

    🐟      ကန်အောက်ခြေရှိ ရွံ့များ အက်ကွဲသည်အထိ အခြောက်ခံထားရန်၊ 

    🐟      တစ်နှစ်ပတ်လုံးမွေးမြူသည့် ငါးကန်များအတွက် အရံကန်များ ပြင်ဆင်ထားရန်၊ 

    🐟      ကျန်ရှိနေသော ငါးကန်များအနေဖြင့် ရေအပူချိန်မြင့်လာပြီး ရေချဉ်ဖန်နှုန်းမြင့်လာနိုင်သဖြင့် ဂရုပြုစောင့်ကြည့်ရန် 

    🐟    ကန်အောက်ခြေထိ လေဝင် လေထွက်ကောင်းအောင် ဆောင်ရွက်ပေးရန်၊ 

    ------------- 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
4
comments
0
views
7446