ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
၂၀၂၅ မတ်လ ၂၇ရက်နေ့မှ ၃၁ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီးမှာ မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပဲ ရာသီဥတုကောင်းမွန်ကြည်လင်သာယာနိုင်ပါတယ်။
Source: Su Su San
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့...
စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်
- စပါးရိတ်သိမ်းခါနီးချိန် ဖြုတ်ကျနေသောစိုက်ခင်းများအနေဖြင့် ဆေးဖျန်းတာမျိုး
မလုပ်သင့်တော့ပါ။
- စပါးအနှံစုံခါနီးချိန်စိုက်ခင်းများအနေနဲ့ကတော့ ရေလျှော့ပြီး Buprofezin+ Dinotefuran ကိုရွေးချယ်ဖျန်းနိုင်ပါတယ်။
- စပါးပင်ငယ်စဥ်ကတည်းက ဂုတ်ကျိုးရောဂါကိုသေချာသတိမပြုမိဘဲ အနှံထွက်၊ စပါးစေ့ပေါ်တွင် ဂုတ်ကျိုးလက္ခဏာတွေ့ရတော့မှ ဆေးဖျန်းမည်ဆိုပါက နောက်ကျသွားပါပြီ။
- နောက်ထပ် လက်ရှိ GW11, ဧရာ ၁၀ စိုက်တဲ့တောင်သူများစပါးမှိုသီးကျနေပါက တစ်ခါတည်းမှိုသီးကျနေသောစပါးနှံကို ချိုးပြီး အိတ်ထဲထည့်လာခဲ့ပါ။ စိုက်ခင်းထဲမှာပြန်မထားခဲ့ပါနဲ့။
- ရိတ်သိမ်းတော့မည့်စပါးခင်းများအနေဖြင့် မရိတ်သိမ်းခင် (၂)ပတ်အလိုတွင် အောင်ရေထုတ်နိုင်ပါပြီ။
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
- အခုအချိန်ဟာ ရာသီဥတုပူပြင်တဲ့အချိန်ကို ရောက်လာပြီဖြစ်ပါတယ်။ ငါးရောဂါအဖြစ်များပြီး အသေအပျောက်များတဲ့ အချိန်ကာလလည်းဖြစ်ပါတယ်။
- ငါးတွေ အောက်ဆီဂျင်ပြတ်လပ်မှုကို ခံစားရနိုင်တဲ့အနေအထားလည်းဖြစ်ပါတယ်။
- အပူချိန်ကြောင့် ငါးကန်အောက်ခြေမှ ပစ္စည်းတွေ ပုပ်သိုးတာ၊ အစာကြွင်း၊ အစာကျန်တွေ ပုပ်သိုးတာတွေ ပိုဖြစ်ပြီး ငါးတွေကို ဆိုးကျိုးလည်း ဖြစ်စေနိုင်ပါတယ်။
- ဒါကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်ထားခြင်းဖြင့် မိမိတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်တဲ့ အနေအထားတွေ လုပ်ထားရမှာဖြစ်ပါတယ်။
- ငါးကန်အပူချိန်ကို အမြဲတိုင်းတာပြီး ၃၅°Cထက် မပိုစေအောင် လုပ်ဆောင် ပေးရပါလိမ့်မယ်။
- ရေကိုလည်း တစ်လတစ်ကြိမ်ခန့် လဲလှယ်ပေးခြင်းဖြင့် အောက်စီဂျင် ပြတ်လပ်မှုနဲ့ ငါးတွေရောဂါဖြစ်ပွါး ခြင်းများကို ကာကွယ်ပေးပါလိမ့်မယ်။
- အစာတွေကိုလည်း ချင့်ချိန်ပြီး ကျွေးရမယ့် ကာလဖြစ်ပါတယ်။
- ငါးကန်အောက်ခြေမှာရှိတဲ့ ပစ္စည်းတွေနဲ့ အစာကြွင်းအစာကျန်တွေ ပုပ်သိုးတာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးကြရမှာဖြစ်ပါတယ်။
---------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437