အင်းဆက် ပိုးကောင်များကို ရောဂါရစေသည့် မှို (သို့) ဇီဝပိုးသတ်ဆေးများ
တချို့အင်းဆက်တို့က အကောင်သေးသော ကလေးမွေးပြီး ပိုးမမည်မှ အကောင်ကြီးသို့ ပြောင်းလဲကြရသည်။ တချို့က ဥ၊ လောက်ကောင်၊ ပိုးမမည်မှ အကောင်ကြီးသို့ ရောက်ကြရသည်။ များသောအားဖြင့် Larva ခေါ်သည့် လောက်ကောင်ဘဝမှာ မှိုရောဂါများ ဝင်ရောက်စွဲကပ် သေဆုံးကြရသည်။ ထိုပြဿနာကို ပိုးမွေးမြူရေး လုပ်ငန်းတွင် Silkworm ကို မှိုရောဂါများ ဖျက်ဆီးတတ်သည်လို့တော့လူအသိများပါသည်။
သို့သော် လူသားအတွက် စိုက်ပျိုးထားသော အင်းဆက် (ဖျက်ပိုး)များကို ကျရောက်ဖျက်ဆီးသည့် မှိုများကိုတော့ လူအသိနည်းနေခဲ့သည်။ ဖျက်ပိုးအင်းဆက်များပေါ် တွယ်ကပ်၍ ရောဂါရစေသော မှိုမျိုးများကို (Entomopathogenic fungi) ဟု ခေါ်သည်။ တိုက်ရိုက် အဓိပ္ပာယ်ပြန်ဆိုရလျှင် အင်းဆက် ပိုးကောင်များကို ရောဂါရစေသည့် မှိုဟု ပြောရမည်ဖြစ်သည်။
ယခုသုတေသီတွေ ရှာဖွေတင်ပြသည့် အင်းဆက်ကို ရောဂါရစေသော မှိုသုံးမျိုးဖြစ်သည့် မက်တာရိုင်ဇီယံ၊ ဗြူဗားရီးယားနှင့် ဘာတီစီလီယံတို့ကို တင်ပြထားပါသည်။ ၎င်းမှိုမျိုးများသည် သီးနှံဖျက် အင်းဆက်များ၏ ခန္ဓာတွင် တွယ်ကပ်၍ အင် ဇိုင်းနှင့် ဒြပ်ပေါင်းများစွာ ထုတ်လုပ်ပြီး အင်းဆက်ပိုး၏ အရေပြားကို ကပ်ငြိထိုးဖောက်ဝင်ရောက်၍ ပိုးကောင်ကို သေဆုံးစေနိုင်သည်။
ဗြူဗားရီးယားဘတ်ဆီးယားနား ခေါ်သည့် မှိုမျိုးမှမှိုသည် ပိုးချည်ထုတ်သော ပိုးကောင်ကို ဖျက်ဆီးတတ်ကြောင်း ၁၈၃၅ ခုနှစ်တွင်စတင်တွေ့ရှိ သိရှိခဲ့ရသည်။ ဤမှို ကျရောက်ဖျက်ဆီးနိုင်သော အင်းဆက်ပိုးအမျိုးအစား များစွာရှိပါသည်။ ဤအဖြူရောင်မတ်စကာဒင်းမှိုသည် သစ်တောတွင် ကျရောက်သောအင်းဆက်ပိုး လောက်ကောင်များ၊ အာလူးဖျက်ပိုးရဲ့ လောက်ကောင်၊ Codling moth ဟုခေါ်သော ဖျက်ပိုးဖလံတို့ရဲ့ လောက်ကောင်ကိုလည်း ဖျက်ဆီးနိုင်စွမ်းရှိသည်။
ဤမတ်စကာဒင်း မှိုသည် ချ၊ လှေး၊ ယင်ဖြူနှင့်ဦးမျှင်တိုနှံကောင်၊ စပါးဖျက်ဆစ်ပိုး၊ ဖြုတ်ပိုး၊ ကျိုင်းများနှင့် လိပ်ပြာ၊ ဖလံတို့ရဲ့ လောက်ကောင်များကိုလည်း ကျရောက်ဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိရသည်။ မက်တာရိုင်ဇီယမ်မျိုးကို ၁၈၇၉ ခုနှစ်တွင် ဂျုံတွင်ကျရောက်သော ဖိုးလမင်းကောင်မှ စတင်မွေးမြူလေ့လာခဲ့ခြင်းဖြစ်သည်။ သုတေသီ Tullock ၁၉၇၆ ခုနှစ်က ယခုခေါ်တွင်သည့် Metarhizium anisopliae ဟု အမည်ပေးခဲ့ခြင်းသာ ဖြစ်သည်။
လယ်ယာ သီးနှံဖျက်ပိုး၊ သစ်တောပင် ဖျက်ပိုး မျိုးစိတ်များစွာကို ထိခိုက်စေခဲ့သည်။ မြေအောင်းကျိုင်းမျိုး၊ ဦးမျှင်တိုနှံကောင်၊စပါးဖြုတ်ပိုး၊ သီးလုံးဖောက်ပိုးမျိုးစုံ၊ ကြံပင်စည် ထိုးပိုးများကိုလည်း ကပ်ပါးပြုနိုင်သည်။ မူလက ဘာတီစီလီယံခေါ်တွင်ခဲ့သော မျိုးတစ်မျိုးသည် ၁၈၆၁ ခုနှစ်တွင် Lecanium coffee ရောဂါဖြစ်စေသာကြောင့် Lecancillium ဟု အမည်ပြောင်းပေးခဲ့သည်ဟု ပြောသည်။
ယင်ဖြူများ၏ ပြာစေ့နှင့်အကောင်ကြီးများတွင် မှိုမျှင်များ ဖြစ်ပေါ်စေပြီး သေကြေစေသည်။ပျမျိုးစိတ်အမျိုးမျိုးနှင့် အတောင် သဘောမျှသာပါသော၊ မပျံမသန်းနိုင်သော အင်းဆက်အုပ်စုဝင် ဖျက်ပိုးအားလုံးကိုရောဂါကျရောက်ဖျက်ဆီးနိုင်စွမ်း ရှိသည်။ ပျပိုး၊ ကြမ်းပိုး စသည်တို့ကိုလည်း ဖျက်ဆီးနိုင်စွမ်းရှိသည်။ ဤဇီဝကပ်ပါးမှိုတို့သည် သီးနှံပင်ကို အန္တရာယ်မပြုဘဲ၊ ဖျက်ပိုးအင်းဆက်ကိုသာ ဝင်ရောက်ထိုးဖောက် ရောဂါဖြစ်စေသည်။ အင်းဆက်တစ်ကောင်လုံး မှိုတက်သေကြေစေသည်။
သစ်ပင်များမှ စိမ့်ထွက်ရည်ကြောင့် ဖော်ပြခဲ့သော အကျိုးပြုမှိုမျိုးများ၏ မျိုးပွားဖို့ စပိုးတွေ ဖြစ်ပေါ်စေသည်။ ပင်ရည်ပျံခြင်းကြောင့် မှိုမျိုးပွားနှုန်း မြန်စေသည်။ အရွက်များ ကျယ်ပြန့်မှုများလေ မှိုမျိုးလက်ခံနေရာ ကျယ်လေဖြစ်သည်။ ဤမှိုသည် ဥနှင့် အဆိပ်ထွက်ပြီးအင်းဆက်ကိုသေစေသည်။ Entomo genus fungi များမှ ထုတ်လုပ်ပေးနိုင်သော Enzymes များမှာ Chitinase, Chitosanase,Lipases, Phospolipuse, Proteaxs,Peptidases များဖြစ်သည်။ ဤမှိုများကြောင့် အပင်များ ရောဂါဒဏ်ခံနိုင်ရည်ရှိလာခြင်း၊အာဟာရ ပြောင်းလဲမှုကြောင့် အင်းဆက်၏ ရုပ်သွင်ပြောင်းလဲလာခြင်း၊ အပင်ပုံစံပြောင်းလဲလာသဖြင့် အင်းဆက်၏ အလေ့အထပြောင်းလဲလာသောအခါ မှိုဝင်ရောက်ခွင့် ရလာစေသည်။ ဖော်ပြပါမှိုများကို အရည်အဖြစ် ဖျန်းနိုင်သည့် မှိုအထုပ် နှစ်ကီလိုဂရမ်ကို ရေ၁ç၀၀၀ ကီလိုဂရမ် အော်ဂဲနစ်မြေသြဇာ(သို့) သီးနှံစိုက်ခင်းထဲမှရယူသော မြေနှင့် သမအောင်ရောမွှေပြီး မြေပေါ်စိုက်ခင်း၊စိုက်တန်းကြားမှာ ကြဲပက်ပေးနိုင်သည်။
ဆီထွက်သီးနှံများ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ လျှော်သီးနှံ၊ ဥယျာဉ်ကြံ သီးနှံ၊ စပါး၊ ပြောင်းဖူး၊ ဂျုံ၊ လက်ဖက် တို့ကိုပါ ဖျန်းနိုင်သည်။ဤမှိုမျိုးကို ဖော်စပ်အထုပ်ပြုလုပ်၍ ရေဆင်းစိုက်ပျိုးသုတေသန အပင်ရောဂါဌာနစုမှ ရောင်းချပေးလျက်ရှိသည်။ ဤဇီဝပိုးသတ်ဆေးတို့ အလိုရှိပါက ကြိုတင်မှာယူလျှင် ပို၍စိတ်ချရသည်။ အကန့်အသတ်ရှိနေ၍ များများစားစား ထုတ်မထားနိုင်သေးကြောင်း သိရသည်။
- သုတကျော်
မြန်မာတောင်သူကြီးများ ဂျာနယ်