cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြောင်းစျေး အတက်စျေး ရှိနေသော်လည်း စျေးကွက်အနည်းငယ်ငြိမ်နေ

. ဈေးကွက်သတင်းများ
လက်ရှိ ပြောင်းအား တရုတ်၊ ထိုင်း၊ အိန္ဒိယသို့ တင်ပို့နေကြပြီး ထိုင်းနိုင်ငံကို ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ်လ ၃၁ အထိ အခွန်ကင်းလွတ် ခွင့်ဖြင့် ၇ လတာ ပြန်လည်တင်ပို့ခွင့် ရထားခြင်းဖြစ်ကြောင်း သိရပါသည်။
  • ပြောင်းစျေး အတက်စျေး ရှိနေသော်လည်း တချို့ဒေသများမှ ပြောင်းပေါ်ချိန် ဖြစ်နေသောကြောင့် စျေး ကွက်အနည်းငယ်ငြိမ်နေကြောင်း သိရပါသည်။

    ထိုင်းနိုင်ငံဘက်မှ စျေးအကျစောင့်ဝယ်နေခြင်းကြောင့် စျေးကွက် ခဏငြိမ်နေခြင်း ဖြစ်ပြီး စျေးကောင်း ရရန် စောင့်နေခြင်းဖြစ်ကြောင်းလည်း ကုန်သည်တစ်ချို့ထံမှ သိရပါသည်။

    လက်ရှိ ပြောင်း FOB စျေးနှုန်းမှာ ၂၅၅ဒေါ်လာ မှ ၂၆၅ ဒေါ်လာ ပတ်ဝန်းကျင်သာရရှိ ကြောင်း သိရပါသည်။

    “ဧရာဝတီဘက်မှာ ပြောင်းတွေ သိမ်းစပြုပါပြီ၊ ပြောင်း မပေါ်ခင်က တက်စျေးတွေနဲ့ စျေးကွက် သွက်နေကြတာတွေ့ ရတယ်။ အခု ပြောင်းပေါ်စပြုရက်ရောက်လာတော့ ပြောင်းစျေးက ငြိမ်သွားတယ်။ တောင်သူတွေ လက်ထဲ ရောက်နေရင် စျေးက အော်တိုကို ကျသွားတာ ထုံးစံကို ဖြစ်နေပြီ “ဟု ဧရာဝတီတိုင်းဒေသကြီး ပြောင်းစိုက်တောင်သူ တစ်ဦးက ပြောပါသည်။

    ယခင်က ပြောင်း တစ်ပိဿာကို ၁၅၀၀ကျော်သာ ရှိ ခဲ့ပြီး ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့်ဖြင့်

    တင်ပို့ရန် တစ်ပတ်အလိုကတည်းက စျေးများ စတင် တက်လာခဲ့ကာ လက်ရှိ ဘုရင်နောင်ကုန်စည်ဒိုင် စျေး ကွက်မှာတော့ ပြောင်း တစ်ပိဿာကို ၁၇၀၀ ကျပ် ပတ်ချာလည်တွင် အရောင်းဝယ်ဖြစ်နေကြောင်း သိရပါသည်။

    ပြောင်းများကို သယ်ယူရသည် ဖြစ်သည့်အတွက် စက်သုံးဆီဈေးနှုန်းနှင့် လမ်းအခြေအနေအရ ဒေသအလိုက် ပြောင်းဈေး အတက်အကျ ကွာဟချက်များ ရှိနိုင်ကြောင်း သိရပါသည်။

    “မြန်မာနိုင်ငံက ပြောင်းကို အခွန်လွတ် ခွင့်ပြုထားတဲ့ ထိုင်း နိုင်ငံအိန္ဒိယနိုင်ငံတွေမှာ ပြောင်း ဈေး ကျဆင်းနေပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ ပြောင်းရောင်းရငွေလည်း ကျဆင်းနေပါလိမ့်မယ်။ ပြောင်းလှောင်ကစားသူတွေ အထူးသတိထားရမည့် နှစ်တစ်နှစ်ပါပဲ။” ဟု ပြောင်းကုန်သည်တစ်ဦး သုံးသပ်ထားပါသည်။

    နောက်ပိုင်း မိုးရာသီ ပြောင်းကို မတ်လမှ စတင်ကာ ‌တောင်ပေါ်ဒေသများဖြစ်သော ရှမ်း၊ ကချင်နှင့် ကယား ပြည်နယ်တို့မှာ ပြောင်းစိုက်ရန် မြေယာပြုပြင်ခြင်းအတွက် ဆောင်ရွက်နေကြပြီ ဖြစ် ပြီး စိုက်မြေယာ ရရှိရန်လည်း အခက်ခဲရှိကြောင်းလည်း သိရပါသည်။

    ယခုနှစ် ပြောင်းစိုက်ဧက လျော့နည်းလာသည့်အတွက် ပြောင်း အထွက်နှုန်း ကျဆင်းနိုင်ကြောင်း သိရပါသည်။

    လက်ရှိမှာ ပြောင်းကို ပြည်ပ ရောင်း၍ ရသော ဒေါ်လာ၊ ဘတ်၊ ယွမ်၊ ရူဘီများ နှင့် မြန်မာပြည်သို့ ပြန်လည် တင်သွင်းလိုသော ဓာတ်မြေဩဇာ၊ ပြောင်းမျိုး၊ စက်သုံးဆီ၊ စားသုံးဆီ များကို ပြန်လည်၀ယ်ယူနိင်ကြောင်းလည်း သိရပါသည်။

    ၂၀၂၄-၂၅ ဘဏ္ဍာနှစ် ဧပြီလမှ နိုဝင်ဘာလအတွင်း ပြောင်းတန်ချိန် (၁ ဒသမ ၈၈)သန်း ထိ တင်ပို့ထားပြီး ပြောင်းတင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအစား ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းများ ကနေ အဓိက တင်ပို့နေ ကြောင်း သိရပါသည်။

    လက်ရှိ ပြောင်း အား တရုတ်၊ ထိုင်း၊ အိန္ဒိယသို့ တင်ပို့နေကြပြီး ထိုင်းနိုင်ငံကို ဖေဖော်ဝါရီ ၁ ရက်မှ ဩဂုတ်လ ၃၁ အထိ အခွန်ကင်းလွတ် ခွင့်ဖြင့် ၇ လတာ ပြန်လည်တင်ပို့ခွင့် ရထားခြင်းဖြစ်ကြောင်း သိရပါသည်။

    ဖိုးချဲ (AMIA)

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
6
comments
0
views
1762