cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကပ်ပါးပိုးကြောင့် ငါးရောဂါများအကြောင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ဒီရောဂါဟာ ငါးရဲ့ အရေပြား၊ ပါးဟပ်နဲ့ ဆူးတောင်တွေမှာ အဖြူရောင် အစက်အပျောက်တွေ တွေ့ရမှာဖြစ်ပါတယ်။ ကုသနည်း - ရေအပူချိန်ကို ၃၀ ဒီဂရီစင်တီဂရိတ်အထိ တစ်ပတ် သို့မဟုတ် (၁၀) ရက်ထားခြင်းဖြင့် ကုသလို့ရပါတယ်။
  • ကပ်ပါးပိုးကျကြောင့် ကျရောက်တဲ့ ငါးရောဂါတွေရှိပါတယ် အဲဒါတွေကတော့  

    (၁) Ich (Ichthyophthirius multifiliis) အဖြူအရောင်အစက်အပျောက်ရောဂါ  

    ဒီရောဂါဟာ ငါးရဲ့ အရေပြား၊ ပါးဟပ်နဲ့ ဆူးတောင်တွေမှာ အဖြူရောင် အစက်အပျောက်တွေ တွေ့ရမှာဖြစ်ပါတယ်။  

    ကုသနည်း  

    ရေအပူချိန်ကို ၃၀ ဒီဂရီစင်တီဂရိတ်အထိ တစ်ပတ် သို့မဟုတ် (၁၀) ရက်ထားခြင်းဖြင့် ကုသလို့ရပါတယ်။  

    (၂) Velvet (Piscinoodinium pillulare) ရွှေရောင် ဂျေးတက်ရောဂါ  

    ဒီရောဂါဖြစ်ပြီဆိုရင်တော့ ရွှေရောင်နုနုဂျေးတက်နေတဲ့အလွှာကို ငါးရဲ့ အရေပြားမှာ တွေ့ရနိုင်ပါတယ်။  

    ကုသနည်း  

    ကြေးနီဓါတ်ပါတဲ့ ဆေးကိုထည့်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။  

    (၃) Gill Flukes (Dactylogyrus spp.) ပါးဟပ်ရောဂါ  

    ပါးဟပ်မှာ အဓိကကျရောက်ပြီး ပါးဟပ်ထဲမှာ သန်ကောင်အပြားတွေ ကျနေတက်ပါတယ်။ ဒီရောဂါ ကျနေတဲငါးဟာ အသက်ရှူကြပ်ပြီး ရောင်ယမ်းကာ ပါးဟပ်အရောင်ပျက်တက်ပါတယ်။  

    ကုသနည်း  

    Praziquantel ပါတဲ့ ဆေးတစ်မျိုးမျိုးကို သုံးပေးလို့ရပါတယ် ခင်ဗျာ။  

    (၄) Anchor Worms (Lernaea spp.) သန်ကောင်ရောဂါ  

    ဒီရောဂါကျပြီဆိုရင် ကျောက်ဆူးပုံ သန်ကောင်ဟာ ငါးရဲ့အရေပြားမှာ တွယ်ကပ်နေတက်ပြီး တွယ်ကပ်နေတဲ့နေရာမှာ အနီရောင်ဖြစ်နေတက်ပါတယ်။  

    ကုသနည်း  

    APIR General CureR လိုဆေးတွေနဲ့ ကုသလို့ရပါတယ် ခင်ဗျာ။  

    (၅) Fish Lice (Argulus spp.) ငါးသန်းရောဂါ  

    ကပ်ပါးကောင် ခပ်ပြားပြားလေးတွေဟာ ငါးရဲ့ အရေပြားမှာ တွယ်ကပ်နေတက်ပါတယ်။  

    ကုသနည်း  

    Seachem ParaGuardTM လိုဆေးတွေနဲ့ ကုသလို့ရပါတယ် ခင်ဗျာ။  

    ထွက်တိုး  

    Source:Fish Parasites 101: From Identification to Treatment - Learn the Aquarium  

    ---------- 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သော အကြံအဉာဏ် ရယူရန်  

    ထွက်တိုးဆော့ဝဲလ် Download ရယူလိုက်ပါ - https://bit.ly/htwettoev2 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
4
comments
0
views
3356