cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီဈေးနှုန်းသုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
၂၀၂၅ ခုနှစ်၊ မတ်လ ပဲဆီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဖေဖော်ဝါရီလ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် တစ်ပိဿာလျှင် ၂၃၅/-ကျပ်ကျတာကို တွေ့ရပါတယ်။
  • မန္တလေးဈေးကွက်ရှိ ပဲဆီ၊ နှမ်းဆီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၁၄,၅၂၉ိ/-ကျပ်မှ ၁၆,၀၀၀ိ/-ကျပ်အထိလည်းကောင်း၊ နှမ်းဆီပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁,၄၀၀၀ိ/-ကျပ်မှ ၁၄,၅၀၀ိ/-ကျပ်လည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။

    ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့် မတ်လ နှိုင်းယှဉ်ခြင်း

    ၂၀၂၅ ခုနှစ်၊ မတ်လ ပဲဆီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဖေဖော်ဝါရီလ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် တစ်ပိဿာလျှင် ၂၃၅/-ကျပ်ကျတာကို တွေ့ရပါတယ်။

    အလားတူစွာ ယခုလအတွင်း နှမ်းဆီ တစ်ပိဿာ ပျမ်းမျှဈေးနှုန်းများကို ဇန်နဝါရီလ ပျှမ်းမျှ ဈေးနှုန်း နှင့်နှိုင်းယှဉ်သော် ဈေးငြိမ်နေတာကို တွေ့ရပါတယ်။

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း

    ၂၀၂၄ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီအထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ပဲဆီဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၁၁,၀၀၀ိ/-ကျပ်၊ မတ်လတွင် ၁၂,၈၀၀ိ/- ကျပ်၊ ဇွန်လတွင် ၁၃,၃၃၈/- ကျပ်၊ ဇူလိုင်လတွင် ၁၆,၂၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၁၈,၄၂၅ိ/-ကျပ်၊ စက်တင် ဘာလတွင် ၁၇,၁၂ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄,၈၅၆/-ကျပ်၊ နိုဝင်ဘာလတွင် ၁၃,ဝ၄၈ိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၁၅,၂၂၀/-ကျပ်၊ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် ၁၅,၅၈၈/-ကျပ်၊ ဖေဖော်ဝါရီလတွင် ၁၅,၅ဝဝိ/-ကျပ်၊ မတ်လတွင် ၁၅,၂၆၄.၇၁ိ/ကျပ် အသီးသီးဈေး ပေါက်နေပါတယ်။

    နှမ်းဆီ ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ ဧပြီနှင့်မေလများတွင် တစ်ပိဿာ တစ်ဿာလျှင် ၁၂,၅၀၀ိ/- ကျပ်၊ မတ်လတွင် ၁၃,၁၀၀ိ/-ကျပ်၊ ဇွန်လတွင် ၁၃,၄၈၈/-ကျပ်၊ ဇူလိုင်လတွင် ၁၄,၆၁၀ိ/-ကျပ်၊ ဩဂုတ်လတွင် ၁၆,၂၆၀/-ကျပ်၊ စက်တင်ဘာလတွင် ၁၅,၇၁ဝိ/-ကျပ်၊ အောက်တိုဘာလတွင် ၁၄,၁၃ဝိ/-ကျပ်၊ နိုဝင်ဘာလတွင် ၁၄,ဝဝဝိ/-ကျပ်၊ ဒီဇင်ဘာလတွင် ၁၄,၂၉၈/-ကျပ်၊ ၂၀၂၅ ခုနှစ် ပထမလ ပတ်တွင် ၁၄,၂၅ဝိ/-ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။

    ဈေးကွက် သုံးသပ် ခန့်မှန်းချက်

    စားသုံးဆီစသော ပဲဆီ၊ နှမ်းဆီစျေးကငြိမ်နေတာတွေ့ရပါတယ်။ ပွင့်လင်းရာသီ နှင့် သင်္ကြန်ကာလလဲ ရောက်လာပြီဖြစ်သော ကြောင့် ပဲဆီ၊ နှမ်းဆီဈေးနှုန်းအပေါ် သက်ရောက်မှု ရှိလာ မလားဆိုတာ စောင့်ကြည့်ကြရပါမယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    ထွက်တိုး


  • article
likes
3
comments
0
views
3184