ကလေးများ အဆိပ်ရှိတဲ့လေ ရှူသွင်းမိခြင်းမှ ကာကွယ်ရန်
"လေထုညစ်ညမ်းမှုက ဘာကြောင့် ကလေးတွေအတွက် အန္တရာယ်များရတာလဲ"
လေထုညစ်ညမ်းမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေအတွက် အန္တရာယ်ရှိပါတယ် -
• ကလေးတွေဟာ လူကြီးတွေထက် အရွယ်အစားပိုသေးငယ်ပြီး အသက်ရှူတာ ပိုမြန်ပါတယ်။ ဒါကြောင့် ညစ်ညမ်းပစ္စည်းတွေကိုလည်း ရှူသွင်းမှု ပိုပြီးများပါတယ်။
• ကလေးတွေရဲ့ နှာခေါင်းပေါက်တွေက ညစ်ညမ်းပစ္စည်းတွေကို စစ်ထုတ်ရာမှာ ထိရောက်မှုနည်းတာကြောင့် လေထဲကနေ ပိုပြီးစုပ်ယူနိုင်ပါတယ်။
• ကလေးတွေဟာ မြေကြီးနဲ့ပိုနီးကပ်တဲ့ လေကို ရှူကြရတဲ့အတွက် ဖုန်မှုန့်နှင့် ယာဉ်တွေရဲ့ အင်ဂျင်ကထုတ်လွှတ်တဲ့ အခိုးအငွေ့တွေရဲ့ သက်ရောက်မှုက သူတို့အတွက် ပိုများပါတယ်။
• ကလေးတွေက ကြီးထွားဖွံ့ဖြိုးနေဆဲပါ။ လေထုညစ်ညမ်းမှုဟာ သူတို့ရဲ့ ကြီးထွားလာတဲ့ အဆုတ်၊ ခန္ဓာကိုယ်နဲ့ဦးနှောက်တို့ကို ပျက်စီးစေနိုင်ပြီး တစ်သက်တာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
• ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က လူကြီးတွေထက် ပိုပြီးအားနည်းပါတယ်၊ ဒါကြောင့် သူတို့က ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ အခြားကူးစက်ပိုးတွေ ပိုဝင်လွယ်ပါတယ်။
"လေထုညစ်ညမ်းမှုက ကလေးတွေကို ဘယ်လိုထိခိုက်စေသလဲ"
ရေရှည်နှင့် ချက်ချင်းကျန်းမာရေးပြဿနာများ
PM2.5 အပါအဝင် ညစ်ညမ်းတဲ့ လေထုထဲရှိ သေးငယ်တဲ့ အဆိပ်အတောက်အမှုန်အမွှားတွေဟာ ကလေးတွေရဲ့ ကြီးထွားနေတဲ့ အဆုတ်ထဲကို ဝင်ရောက်နိုင်ပြီး ပျက်စီးစေနိုင်ပါတယ်။ ဒါဟာ အောက်ပါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေနဲ့ ရေရှည်ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်
• အဆုတ်ရောင်ခြင်း၊
• လေပြွန်ရောင်ခြင်း၊
• နာတာရှည်ချောင်းဆိုးခြင်း၊
• နားပိုးဝင်ခြင်း၊
• ပန်းနာရင်ကျပ်ရောဂါ၊
• ဓာတ်မတည့်ခြင်း၊
• နှင်းခူရောဂါ၊
• နှလုံးရောဂါ၊
• ကင်ဆာရော။
လေထုညစ်ညမ်းမှုဟာ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး လက်ရှိ ကျန်းမာရေးအခြေအနေတွေကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။
ချော်လဲလို့ ဒူးပွန်းတာ၊ ဖျားနာတာတွေနဲ့မတူတာက လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ထိခိုက်ပျက်စီးမှုတွေကို ချက်ချင်းလက်ငင်း မျက်စိနဲ့မမြင်နိုင်တာပါပဲ။ ဒီထိခိုက်မှုတွေက အချိန်ကြာလာတာနဲ့အမျှ တိုးပွားလာပါတယ်။ မိခင်ဝမ်းဗိုက်ထဲနဲ့ မွေးစအရွယ်၊ လေးဘက်သွားအရွယ်တွေမှာ လေထုညစ်ညမ်းမှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူကြီးတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာဖို့ အလားအလာ ပိုပြီးများပါတယ်။
သေဆုံးခြင်း
တချို့ဖြစ်ရပ်တွေမှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ကလေးငယ်တွေ အသက်ဆုံးရှုံးရနိုင်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နှောင့်နှေးမှုများ
လေထုညစ်ညမ်းမှုဟာ ကလေးတွေရဲ့ သင်ယူမှု၊ အတွေးအခေါ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။
အခွင့်အလမ်းပိုမိုနည်းပါးတဲ့ အနာဂတ်
ညစ်ညမ်းသောလေကိုရှူရှိုက်ခြင်းက ကလေးတွေရဲ့ စွမ်းအင်ကို ဆုတ်ယုတ်စေပြီး၊ ကစားချိန်နဲ့ သင်ယူလေ့လာချိန်တွေမှာ စွမ်းအင်ကိုလျော့နည်းစေတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။ နေမကောင်းတဲ့အတွက် မကြာခဏကျောင်းပျက်ရပြီး သင်ယူလေ့လာရေးနဲ့ ဖွံ့ဖြိုးရေးတွေအတွက် အကန့်အသတ်ရှိစေသလို ပညာရေးစွမ်းဆောင်ရည်ကိုလည်း လျော့ကျစေပါတယ်။
UNICEF website မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။
Source: https://www.unicef.org/.../how-can-i-protect-my-child-air...
--------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437