အထူးဝမ်းနည်းကြေကွဲခြင်း😥😥
- မြန်မာနိုင်ငံ စိုက်ပျိုးရေးလောကတစ်ခုလုံးအတွက် စိုက်ပျိုးရေးဆိုင်ရာ မိုးလေဝသ ခန့်မှန်းချက်များ နှင့် မုန်တိုင်းခန့်မှန်းချက်များကို စုစုစံ (မင်းကွတ်သီး) ကလောင်အမည်ဖြင့် တစိုက်မတ်မတ် ရေးသားပေးလျက်ရှိသောမိုးလေဝသပညာရှင် "ဆရာဦးထွန်းလှအောင်" အသက် (၆၁) နှစ်သည် ၂၀၂၅၊ မတ်လ (၂၈) ရက်၊ သောကြာနေ့တွင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်ပါသည်။ စိုက်ပျိုးရေးလောကအတွက် အစားထိုးမရနိုင်သော ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး ထွက်တိုးမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့် စိုက်ပျိုးရေးလောကသားများတို့ ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ဆရာဦးထွန်းလှအောင်ကောင်းရာသုဂတိမှာ ငြိမ်းချမ်းစွာအနားယူနိုင်ပါစေကြောင်း ထွက်တိုးမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ - ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် မန္တလေး၊ စစ်ကိုင်း အပါအဝင် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံက ပျက်ဆီး ဆုံးရှုံးမှုတွေအားလုံးအတွက် ထွက်တိုး မှ မိသားစုများ နှင့်ထပ်တူ ဝမ်းနည်းပူဆွေးရပါတယ် ခင်ဗျာ။ - မိဘပြည်သူများ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးကြပြီး အမြန်ကျန်းမာ၊အေးချမ်းပါစေကြောင်း ထွက်တိုးမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ - ------------------ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
