ငါး၊ပုစွန်ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှု အရေးပါခြင်းအကြောင်းများ
- ငါးဖမ်းဆီးပြီးနောက် စီမံခန်ခွဲမှုစနစ်တွင် ငါးဖမ်းဆီးသည့်အချိန်မှ စတင်၍ စားသုံးသူထံ ရောက်ရှိ သည့်အထိ လုပ်ဆောင်ရမည့် အဆင့်များပါဝင်ပါသည်။
- ငါးဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှုစနစ်တွင် နေရာဒေသအလိုက် အလေ့အထ၊ သဘာဝပတ်ဝန်းကျင်၊ စီးပွါး ရေး ၊ အဖွဲ့အစည်း၊ လူမှု့ရေး ၊ နည်းပညာနှင့် ဈေးကွက်အပေါ်များစွာ သက်ရောက်မှုရှိပါသည်။
- ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှုစနစ်များတွင် အရည်အသွေးထိန်းသိမ်းရန် ကြာရှည်ခံအောင်နှင့် စားသုံးသူ (သို့မဟုတ်)ဈေကွက်မရောက်မီ တန်ဖိုး ရရှိစေရန်ဖြစ်ပါသည်။
ဖမ်းဆီးပြီးနောက် စနစ်တကျမကိုင်တွယ်လျှင် အောက်ပါ ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေပါသည်-
(၁)အလေ့အလွင့် ဆုံးရှုံးမှုများခြင်း
(၂)အရည်အသွေးကျဆင်းပြီး ပြဿနာဖြစ်ခြင်း
(၃)ငါးများမလတ်ဆတ်သဖြင့် ဈေးကောင်းမရခြင်း
(၄)ပျက်စီးနေသော ငါးများစားသုံးမိသဖြင့်လူများ ဖျားနာအော့အန်ခြင်း
(၅)ဝင်ငွေလျှော့ခြင်း
ရေနေသတ္တဝါများသည် ကုန်နေသတ္တဝါများထက် ပိုမို အပုတ်မြန်ရခြင်းအကြောင်းရင်း
(က)ရေပါဝင်မှု မြင့်မားခြင်း၊ အကြေးခွံမဲ့ ငါးတွင်ရေငွေ့ဆုံးရှုံးရန် အကာအကွယ်မဲ့ခြင်း
(ခ)အသားတွင် အမျှင်ဓါတ်နည်းပါးခြင်း
(ဂ)သတ်မှတ်ထားသော အလေးချိန်နှင့် သက်တမ်းရောက်မှဖမ်းဆီးခြင်း မပြုခြင်း
(ဂ)အသက်ရှင်လျှက်ရောင်းချရန် ဓလေ့ထုံးစံမရှိခြင်း
(ဃ)အမျိုးအစား/ အရွယ်အစားမတူဘဲ ရောနှောရောင်းချခြင်း
(င)တန်ဖိုးအားဖြင့် ကြက် ဝက် အမဲတို့ထက် ပိုမိုဈေးနှုန်းနည်းပါးခြင်း၊ ဂရုတစိုက် မထိန်းသိမ်းထားခြင်း
(စ)ငါးဖမ်းသည့်နေရာမှ စားသုံးသူထံ ရောက်ရှိချိန်တွင် ကိုယ်တွယ်မှုများခြင်း
(ဆ)ရေခဲမလုံလောက်ခြင်း၊ သန့်ရှင်းမှုလုပ်ငန်းများ လုပ်ဆောင်မှုအားနည်းခြင်း
(ဈ)စားသုံးသူများသည် လတ်ဆတ်မှုအရည်အသွေးကို ကောင်းစွာဂရုမပြုကြခြင်း
(ည)ငါးပုပ်သွားသော် ငါးဆားနယ်၊ ငါးပိ ပြုလုပ်သွားနိုင်သည်ဟု တွေးထင်ချက်ကို လူအများလက်ခံခြင်း
(ဋ)ပတ်ဝန်းကျင်ညစ်ညမ်းမှုဟူသမျှ ရေနေသတ္တဝါများအပေါ် စုပုံကျရောက်လျှက်ရှိသောကြောင့် အရည်အသွေး ကျဆင်းခြင်း
U San Aung
Htwet Toe
-------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။