ဂဏန်းမွေးမြူခြင်းအကြောင်း
- ဒီတစ်ပတ်မှာတော့ ဂဏန်းမွေးမြူခြင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ဂဏန်းနဲ့ စပ်လျဉ်းပြီး အသိများတာကတော့ mud crabs၊ blue crabs နဲ့ soft-shell crabs တွေဖြစ်ပါ တယ်။ mud crabs တွေကို နေရာမရွေးတာရယ်၊ အသားအတွက်ရယ် အမွေးများကြပါတယ်။ blue crabs ကတော့ သူရဲ့ ချိုတဲ့အရသာရယ်၊ အနံ့ရယ်ကြောင့် အကြိုက်များကြပီး နောက်ဆုံးတစ်ခုကတော့ ဂဏန်းပျော့ ဖြစ်ပါတယ်။ ဂဏန်းပျော့ကို အရေခွံလဲချိန် အခွံပျော့တုန်း စားလို့ရအောင် မွေးမြူခြင်းဖြစ်ပါတယ်။ - ဂဏန်း မွေးမြူရာမှာ အောက်ပါ အားသာချက်တွေရှိပါတယ်- - အစာမှ အသားပြောင်းနှုန်းမြင့်မားတဲ့အတွက် အကျိုးအမြတ်များခြင်း
- ကြီးထွားနှုန်းမြန်ခြင်း၊
- နေရာစုံတွင် မွေးမြူနိုင်ခြင်း
- ငါး/ပုဇွန်မွေးမြူရေးလုပ်ငန်းများနှင့်တွဲ၍ ဆောင်ရွက်နိုင်ခြင်း၊
 - ဈေးကွက်ဝယ်လိုအားနှင့် အကျိုးအမြတ် - ဂဏန်းဝယ်လိုအားနဲ့စပ်လျဉ်းပြီးတော့ ဒေသတွင်းရော၊ နိုင်ငံတကာအထိပါ ဝယ်လိုအားက တက် နေပါတယ်။ ဂဏန်းအရှင်ဝယ်လိုအားတင်မက ဂဏန်းနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေလည်း တက်လာပါတယ်။ ဂဏန်းအသား၊ ဂဏန်းကိတ်မုန့်နဲ့ စွတ်ပြွတ်တွေအထိဖြစ်လာပါတယ်။ - မိရိုးဖလာမွေးမြူခြင်းနှင့် စင်နဲ့မွေးမြူခြင်း - ဂဏန်းမွေးမြူရာမှာ ဖိရိုးဖလာ သမရိုးကျ မွေးမြူတာရယ်။ ဒေါင်လိုက်စင်နဲ့ မွေးမြူတာရယ်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီနှစ်မျိုုးထဲမှာတော့ စင်နဲ့မွေးတာက ပိုပြီး ခေတ်မှီပါတယ်။ - မိရိုးဖလာမွေးမြူရာတွင် ကန်တွေထဲ သို့မဟုတ် ရေတိုင်ကီတွေထဲကို ထည့်ပြီးမွေးတဲ့အတွက် ရိုးရှင်း ပါတယ်။ ကုန်ကျစရိတ်သက်သာပြီး ထိန်းချုပ်စရာလည်းမလိုတဲ့အတွက် မွေးမြူရတာလွယ်ကူ ပါတယ်။ ဒါပေမယ့်လည်း ရေအရင်းအမြစ်ရှိတဲ့နေရာတွေမှာ မွေးမြူနိုင်ခြင်း၊ မြေနေရာကျယ်ကျယ်ပြန့်ပြန့် လိုအပ် ခြင်း၊ သဘာဝသားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်ရှိခြင်း၊ စတဲ့ အားနည်းချက်တွေရှိပါတယ်။ - ဒေါင်လိုက်စင်နဲ့မွေးမြူရာမှာ ကွန်တိန်နာတွေကို ဒေါင်လိုက်ထပ်ပြီး မွေးမြူကြပါတယ်။ အပူချိန်ကို ထိန်းချုပ်ပြီး လုပ်ကိုင်ရတဲ့အတွက် အကုန်အကျများပါတယ်။ အပူချိန်နဲ့ စိုထိုင်းဆကို ထိန်းချုပ်ရပေး ရတာ တွေလည်းရှိပါတယ်။ ကျွမ်းကျင်လုပ်သားတွေလည်းလိုအပ်ပါတယ်။ ဒါပေမယ့် ရောဂါနဲ့ ငါးနဲ့ တိရစ္ဆာန် တွေရန်က ကာကွယ်ပေးနိုင်ပြီး အရင်းအမြစ်တွေကိုလည်း ထိထိရောက်ရောက် အသုံးချနိုင်ပါတယ်။ - မိရိုးဖလာမွေးမြူရာမှာလိုအပ်တဲ့ ပစ္စည်းများ - ၁။ မွေးမြူမယ့် ကန် သို့မဟုတ် တိုင်ကီ - ၂။ ရေလှည့်ပေးတဲ့စနစ် - ၃။ ရေစစ်နဲ့ ကုသနည်းစနစ် - ၄။ ရေအရည်အသွေးတိုင်းကိရိယာများ - ၅။ အစာကျွေးကိရိယာများ - ၆။ ဂဏန်းဖမ်းပိုက်/အခြား - ၇။ ရေစုပ်စက် - ၈။ အပူချိန်ထိန်းညှိပေးနိုင်မယ့်စနစ် - ၉။ အရိပ်လုပ်ပေးခြင်း - ၁၀။ ဥဖောက်ပေးမယ့် ပစ္စည်းများ - ၁၁။ အကာအကွယ်ပစ္စည်းများ - ၁၂။ တိုင်းထွာနိုင်မယ့်ပစ္စည်းများ - ၁၃။ ရေညှိမွေးမြူမယ့်ပစ္စည်းများ - ၁၄။ လျှပ်စစ်ရနိုင်မယ့် အရံအစီအစဉ်ထားရှိခြင်း - ၁၅။ သန့်ရှင်းရေးပစ္စည်းများ - ၁၆။ သယ်ယူပို့ဆောင်ရေး - ၁၇။ ရေလှောင်ကန်များ - ဒေါင်လိုက်စင်နဲ့ မွေးမြူရာမှာလိုအပ်တဲ့ ပစ္စည်းများ - ၁။ ရေလှည့်စနစ် - ၂။ အပူချိန်နဲ့ စိုထိုင်းဆထိန်းချုပ်ခြင်း - ၃။ အလိုအလျောက်အစာကျွေးတဲ့စနစ် - ၄။ စောင့်ကြည့်အကဲ့ဖြတ်၊ ထိန်းချုပ်နည်းစနစ် - ၅။ အလေအလွင့်စီမံခန့်ခွဲစနစ် - ၆။ ဇီဝလုံခြုံရေးဆိုင်ရာ ထည့်သွင်းစနစ်များ - ------------- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
